Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 1, 2014

အချစ်ဆိုတာ မာန်မာန မထားဘဲ ရေရှည်လက်တွဲမယ်ဆို အဆင်ပြေမှာပါ ခင်နန်းထိုက်

 
၁.၁.၂၀၁၄၊ ဗုဒ္ဓဟူးနေ့

အနုပညာ လောကအလယ် ရောင်စုံပန်းကလေးတို့ ကိုယ်ဝါသနာ ပါရာ အနုပညာအလုပ်ကိုလုပ်ရင်း အခုလက်ရှိအပြင်စီးပွားရေးတစ်ခုနဲ့ တွဲဖက်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံရဲ့ မော်ဒယ်လောက အများကြီးတိုး တက်လာပါပြီလို့ ပြောလာတဲ့ မော် ဒယ်ခင်နန်းထိုက်နဲ့ ခဏတာတွေ့ဆုံ ခဲ့ပါတယ်။
Q. ညီမအခုလတ်တလောဘာ တွေ လုပ်ဖြစ်နေလဲ။
A. ညီမက အခု မဂ္ဂဇင်းတွေ အတွက် ဓာတ်ပုံရိုက်နေပါတယ်။ ရှိုး တွေလည်း လျှောက်နေပါတယ်။
Q. Cat Walk ရှိုးလျှောက်ရ တာနဲ့ Photo Model လုပ်ရတာ ဘယ်ဟာကိုပိုပြီးအားသန်လဲ။
A. ညီမကတော့ Cat Walk ရှိုးလျှောက်ရတာ ပိုပြီးအားသန်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှိုး လျှောက်ရတာက လှုပ်လှုပ်ရှားရှား လုပ်ရတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်း ပါတယ်။
Q. အခုလက်ရှိမှာရော မော် ဒယ်တစ်ယောက်အနေနဲ့ပါရေရှည်မှာ ရပ်တည်နိုင်ပြီလား။
A. အခုအနေ အထားအရဆို ရင်တော့ မော်ဒယ်လောကတိုးတက် လာပါတယ်။ ဒါပေမဲ့ ရေရှည်မှာ တော့ သရုပ်ဆောင်အလုပ်ကိုပါ တွဲ လုပ်ရင် အဆင်ပြေမှာပါ။
Q. မော်ဒယ်တစ်ယောက်လုပ် ဖို့အတွက် မိဘတွေနဲ့ဘယ်လိုအပေး အယူလုပ်ခဲ့ရလဲ။
A. ညီမက မော်ဒယ်လုပ်လာ တာအခုဆို ငါးနှစ်ရှိပါပြီ။ စလုပ်တော့ ညီမရဲ့အဖေက အရမ်းအားပေးပါ တယ်။ ကြီးကြီး မားမားတော့ မိဘ တွေ ပြောရတာမရှိပါဘူး။ ဒါပေမဲ့ ဒီအလုပ်ကိုစလုပ်တော့ နည်းနည်း တော့အခက်အခဲ ရှိခဲ့ပါတယ်။
Q. ညီမအနေနဲ့ သရုပ်ဆောင် လုပ်ဖို့ရောရှိလား။
A. လောလောဆယ်တော့ မရှိ သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညီမကအခု မော်ဒယ်လုပ်နေတယ်။ ပြီးတော့ စီးပွားရေးလည်းလုပ်နေရ တော့ အချိန်မပေးနိုင်သေးလို့ပါ။
Q. မော်ဒယ်စလုပ်တော့ ဘယ် လိုအခက်အခဲတွေ ရှိခဲ့လဲ။
A. ညီမက မော်ဒယ်သင်တန်း တက်ဖူးတာမဟုတ်ပါဘူး။ မော်ဒယ် လုပ်မယ်ဆိုတော့ Fashion TV ရှိုး တွေကြည့်ရတယ်။ ကိုယ်က အတွေ့ အကြုံမရှိသေးတော့ အများကြီးလေ့ လာခဲ့ရပါတယ်။
Q. Cat Walk လျှောက်ရတာ နဲ့ Photo Model အလုပ်မှာ ပရိ သတ်ရဲ့အားပေးမှုကရော
A. အားပေးတာချင်းတော့ မ တူပါဘူး။ တချို့ကတော့ Cat Walk လျှောက်တာ ကြည့်လို့ ကောင်းတယ်။ တချို့ကျတော့ Photo Model လုပ်တာကပိုလိုက် တယ်ပေါ့။ သူတို့ကတော့ သူတို့ ကြိုက်တာကိုပြောတာပါ။ ဒါပေမဲ့ ကိုယ်ကနှစ်ခုစလုံးကို ဝါသနာပါ တော့ နှစ်ခုစလုံးကိုလုပ်သွားမှာပါ။
Q. ၂ဝ၁၃ ခုနှစ် တစ်နှစ်လုံး ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ကာလမှာကိုယ့် ကိုယ်ကိုယ်ကျေနပ်မှု ရှိရဲ့လား။
A. ၂ဝ၁၃ ခုနှစ် တစ်နှစ်တည်း မှ မဟုတ်ပါဘူး။ ကိုယ်ဖြတ်သန်းခဲ့ ရတဲ့ အချိန်တိုင်းမှာ တစ်နှစ်ပြီးတစ် နှစ် ပြန်သုံးသပ်ပါတယ်။ ဒီနှစ်က တော့ကိုယ်လုပ်ရတဲ့အလုပ်နဲ့အားလုံး ကိုကျေနပ်ပါတယ်။
Q. အခုလက်ရှိ ညီမရဲ့အချစ် ရေးကရော
A. အခုအချိန်မှာ ညီမချစ်သူနဲ့ အေးအေးဆေးဆေး တည်တည်ငြိမ် ငြိမ်ပါပဲ။
Q. ညီမ ခံယူထားတဲ့ အချစ်ဆို တာ
A. တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရမယ်။ တချို့ကိစ္စတွေ မှာတစ်ဖက်သတ်ကြီး အနိုင်ယူနေ တာမျိုးမဟုတ်ဘဲ တစ်ယောက်နဲ့တစ် ယောက်အပြန်အလှန်နားလည်မှုရှိ ရင်ပိုကောင်းပါတယ်။ အချစ်ဆိုတာ မာန်မာန မထားဘဲ ချစ်မယ်ဆို ရေ ရှည်မှာ လက်တွဲလို့အဆင်ပြေမှာပါ။
Q. ညီမအနေနဲ့ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုဆိုတဲ့ အပေါ်မှာရော ကိုယ်က အခုအချိန်မှာ ဘယ်လို စိတ်ထားမျိုး ထားလဲ။
A. ညီမကတော့ အောင်မြင် တယ်၊ ရှုံးနိမ့်တယ်လို့ သတ်မှတ်ထား တာမရှိပါဘူး။ ကိုယ်တတ်နိုင်သ လောက် အစွမ်းကုန်ကြိုးစားတယ်။ အောင်မြင်တယ်ဆိုရင်တော့ ကိုယ် ဝမ်းသာ ရတာပေါ့။ ရှုံးနိမ့်တယ်ဆိုရင် လည်း ခံနိုင်ရည်ရှိရမယ်ဆိုတာ သ တိထားဖို့လိုအပ်ပါတယ်။
Q. ပရိသတ်ကြီး အတွက်စကား လက်ဆောင်လေး
A. ညီမအကောင်းဆုံးကြိုးစား နေပါတယ်။ ပရိသတ်ကြီးလည်း ကျန်းမာချမ်းသာ ပါစေလို့ ဆုတောင်း ပေးပါတယ်။

YoYarLay

No comments:

Post a Comment