Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

ဒေါ်အောင်ဆန်းစုကြည် ဟားခါးမှာ တည်းခိုခန်းမရခဲ့သည့် ပြသနာအပေါ် သူတို့အမြင်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဟားခါးမြို့ကို ရောက်ရှိချိန်မှာတော့ တည်းစရာ တည်းခိုခန်းမရလို့ ဖြစ်သလို အိပ်ခဲ့ရတယ်လို့ သိရပါတယ်။
တည်းစရာအခက်အခဲဖြစ်လို့ ပြည်ထောင်စုရိပ်သာမှာ တည်းခိုနေထိုင်ဖို့ စီစဉ်ပေးခဲ့သော်လည်း ၆ ယောက်စာလောက်ပဲ နေစရာရှိတဲ့ အတွက် မတည်းတော့ဘဲ မြို့ထဲက ချယ်ရီတည်းခိုခန်းမှာ တည်းခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်လို့ NLD ကတာဝန်ရှိသူတွေ ပြောတာကတော့

 "ဟိုတယ်က ကြိုတင်ဘွတ်ကင် လုပ်ထားတာ ၊ ဟားခါး ရောက်မှ အခန်းမလုံလောက်ဘူး ဆိုပြီး ဖြစ် သွားတာ" လို့ ဆိုပါတယ်။

တစ်ချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်းတစ်ယောက်အတွက် အခန်းမရဆိုတာ မဖြစ်
နိုင်ကြောင်း၊ တကယ်လို့ ဖြစ်ခဲ့ရင်တောင် နိုင်ငံခြားခရီးစဉ်တွေ အများကြီးသွားခဲ့ဖူးတာ ဘာမှမဖြစ်ဘဲ ကိုယ့်ပြည်တွင်းခရီးစဉ်မှ ဒီလိုဖြစ်တယ်ဆိုရင် NLD အတွက် ခရီးစဉ် စီစဉ်တဲ့သူတွေရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်လို အများကလေးစားရတဲ့ လူတစ်ယောက်အတွက် တည်းစရာနေစရာ
မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့အတွက်နေစရာရှိနိုင်ပေမဲ့ သူ့နောက်က ပါလာတဲ့ NLD ကလူတွေက
မနည်းဘူးလေ။ ဒီလောက်အများကြီးအတွက် တည်းစရာနေရာမရတာနေမှာပါ။ နောက်ပြီး နိုင်ငံခြား
ခရီးစဉ်တွေမှာ တောင် ဘာမှမဖြစ်ဘဲ ဒီလို ကိုယ့်နိုင်ငံတွင်း ခရီးစဉ်ကျမှ ဖြစ်တယ်ဆိုတာ ဘယ်သူညံ့လို့လဲ။
အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို စီစဉ်တဲ့ NLD က လူတွေ ညံ့တာပါ" ဟု ဟားခါးမြို့
ဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံ တစ်ဦးကဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည် တည်းခိုခန်းမရဆိုတာ အစိုးရနဲ့ မဆိုင်ပါဘူး။  ဒီခရီးစဉ်က ပါတီတစ်ခုရဲ့ ခေါင်းဆောင် ခရီးစဉ်ပါ။ အဓိက သွားဖို့ လာဖို့ နေဖို့ ထိုင်ဖို့ စီစဉ်ပေးရမှာက
NLD က တာဝန်ရှိသူတွေပါပဲ။ ဟားခါးမှာလဲ NLD ပါတီဝင်တွေရှိတယ်။ သူတို့က ကြိုလုပ်ပေးရမှာပါ။
တည်းစရာမရှိအောင် အစိုးရ ကလုပ်တယ်လို့ ပြောနေကြတာ အခြေအမြစ်မရှိတဲ့ စကားပါ။
ပြည်ထောင်စုရိပ်သာမှာ တည်းလို့ ရတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခန်းနည်းလို့ မတည်းတာပါ။ ဒါကို အစိုးရကြောင့်လို့ မဆိုင်တာအပြစ်တင်နေတဲ့ သူတွေက NLD ပါတီရဲ့ အုပ်ချုပ်ရေးအပိုင်း ညံ့တာကို ဖုံးချင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် NLD ရဲ့ နိုင်ငံရေး လှည့်ကွက်လည်း
ဖြစ်နိုင်တာပဲ" လို့  ဟားခါးမှ လုပ်ငန်းရှင် တစ်ဦးက သူ့အမြင်ကိုပြောသည်။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့မှ ကလေးမြို့သို့ပြန်လည်ထွက်ခွာလာပြီ ဖြစ်ပြီး ဖလမ်းတွင် နေ့လည်စာ
စားဖို့ ခေတ္တရပ်နားမည်ဖြစ်သည်။ ထို့နောက် ဇန်န၀ါရီ ၁၀ ရက်နေ့တွင် ကလေး၌ အခြေခံဥပဒေ
ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ ပြုလုပ်မည်ဖြစ်ပြီး ထိုမှတဆင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်
ကြောင်း သိရသည်။

မေဇွန်(ဖလမ်း)
New Myanmar Pyi

No comments:

Post a Comment