Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

လက်ထပ်ပေါင်းသင်းမည်ဟုဆိုကာ ကတိပျက်ကွက်ခဲ့သည့် တပ်မတော် ဒုဗိုလ်မှူးကြီးတစ်ဦးအား အမှုဖွင့်အရေးယူပေးရန် တိုင်တန်း



စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သဇင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရှင်းဟုန်းဟော်တယ် အခန်းအမှတ်(၃၀၇)တွင် ယခုလ ၁၄ ရက်၊ ညနေ ၄ နာရီခွဲအချိန်က လာရောက်တည်းခိုခဲ့သည့် ကျေးလက်ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ညွှန်ကြား မှု ဦးစီးဌာန ဒုဦးစီးမှူး မ... အသက်(၂၅)နှစ်၊ (ဘ) ဦး...၉/ကပတ(နိုင်) .... ဆိုသူသည် သူမအား သားမ ယားအဖြစ် လက်ထပ်ပေါင်းသင်းမည်ဟုဆိုကာ ကတိပျက်ကွက်ခဲ့သည့် တပ်မတော် ဒုဗိုလ်မှူကြီး တစ်ဦးအား အမှုဖွင့်အရေး ယူပေးရန် ကလေးမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။
အဆိုပါ တိုင်တန်းချက်အား တာဝန်ကျ အမှုစစ်ရဲအရာရှိတစ်ဦးမှ စီစစ်၍ အမှုလက်ခံရာတွင် ကလေးမြို့၊ ခလရ( )တပ်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကိုယ်ပိုင်အမှတ် ကြည်း/ ...၊ ဒုဗိုလ်မှူးကြီး ..... ဆိုသူဖြစ်ကြောင်း ထိုရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးကဆိုသည်။
ထိုသူတို့နှစ်ဦးသည် ယခုလ ၁၄ ရက်နေ့က ရှင်းဟုန်း ဟော်တယ် အခန်းအမှတ်(၃၀၇)၌ အတူတကွတည်း ခိုနေထိုင်ခဲ့ ကြောင်း ဟော်တယ် မန်နေဂျာ ဦးခိုင်ပီးက ဧည့်စာရင်းမှတ်တမ်းများတွင် ရေးသွင်းထားခဲ့သည်။ ၎င်း ဧည့်စာရင်း မှတ်တမ်း မိတ္တူကိုလည်း အမှုစစ်ရဲအရာရှိမှ အမှုတွဲတည်ဆောက်နိုင်ရန် သက်သေခံပစ္စည်းအဖြစ် သိမ်းဆီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထိုမျှမက အဆိုပါ ဟော်တယ်တွင် ဒုဗိုလ်မှူကြီး၏ မှတ်ပုံတင်ကဒ် နှင့် 09 – 0000000 နံပါတ်ပါ တယ်လီဖုန်းတစ်လုံး ကျန်းခဲ့သည်ဟု မ.. က ဆို သည်။
အမှုစစ်ရဲအရာရှိ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ထိုနေ့ညက မွေးမြူရေးနှင့် ရေလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာန ဒုဦးစီးမှူး မ ... အား ဒုဗိုလ်မှူကြီး.... က သားမယားအဖြစ် လက်ထပ်ပေါင်းသင်းမည်ဟုဆိုကာ ယုံကြည်အောင်ပြောဆို ပြီး ညနေ ၆ နာရီခွဲအချိန်တွင် တစ်ကြိမ်၊ ည ၁၀ နာရီအချိန်တွင် နောက်တစ်ကြိမ်၊ ည ၁၁ နာရီခွဲ အချိန်တွင် ထပ်မံ၍ နောက် တစ်ကြိမ် ထိုနေ့ညက ပေါင်းသုံးကြိမ်တိုင်တိုင် သားမယားအဖြစ် နေထိုင်ခဲ့ကြသည်ဟု သူမက ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် ၁၅ ရက်နေ့မနက် ၁ နာရီအချိန်တွင် အဆိုပါ ဒုဗိုလ်မှူကြီး ... သည် ရှင်းဟုန်းဟော်တယ်မှ ပြန်လည် သွားခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ကျေးလက်ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာန၊ ဒုဦးစီးမှူး မ... မှ သူမအား သားမ ယားအဖြစ် လက်ထပ်ပေါင်းမည်ဟုဆိုကာ ကတိပျက်ကွက်ခဲ့သည့် ဒုဗိုလ်မှူကြီး ... ဆိုသူအား ဥပဒေအရ အရေး ယူပေးပါရန် ကလေးမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲစခန်းက အဆိုပါ တိုင်တန်းချက်အား ရဲအရေးမပိုင်သဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရဲစခန်း(က/ခ)ပုံစံများအရ မြို့နယ် တရားရုံးသို့ ရုံးဦးတိုက် ဆက်လက်၍ လျှောက်ထားရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုတိုးကြီး
ကလေး၊ ဇန္န၀ါရီ ၁၇

No comments:

Post a Comment