Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 14, 2014

တောင်ကိုရီးယား- မြန်မာ ချစ်ကြည်ရေးအတွက် အာဇာနည်ဗိမာန်အတွင်း အထိမ်းအမှတ်ဆောက်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည် သဘောမတူ


Tuesday, January 14, 2014
နေပြည်တော်၊မဇ္ဈိမ။ ။ ၁၉၈၃ခုနှစ်က တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝမ် အာဇာနည်ဗိမာန်ကို အလေးပြုရန် သွားရောက်သည့် ခရီးစဉ်အတွင်း ဗုံးပေါက်ကွဲသဖြင့် အာဇာနည်ဗိမာန်တွင် အထိမ်းအမှတ် အဆောက်အအုံ တစ်ခု ဆောက်လုပ်ရန် တောင်ကိုရီးယားဘက်က မြန်မာအစိုးရကို ကမ်းလှမ်းထားမှုကို ဗိမာန်ဝင်းအတွင်း ဆောက်မည်ဆိုပါက သဘောမတူကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

"ဝန်းထဲမှာထည့်ဆောက်မှာကိုတော့ သဘောမတူဘူး။ နှစ်ဖက်စလုံးအတွက် မျှတမယ့် အဖြေကို ရှာရမှာပေါ့။ သူတို့ဘက်ကလည်း သူတို့ခေါင်ေးဆာင်ကြီးတွေရဲ့ အထိမ်းအမှတ် လုပ်ချင်မှာပဲ။ အဆင်ပြေအောင် ဆွေးနွေးညှိနှိုင်းရရင် အဆင်ပြေသွားမှာပါ"ဟု ပြောသည်။

တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝမ်သည် ၁၉၈၃ခုနှစ်က ရန်ကုန်မြို့ကို လာရောက်စဉ် အာဇာနည်ဗိမာန်သို့ သွားရောက်အလေးပြုခဲ့ရာ မြောက်ကိုရီးယားနိုင်ငံက ထောင်ထားခဲ့သည့် ဗုံး ပေါက်ကွဲခဲ့ပြီး ကြိုတင်ရောက်ရှိနေသော တောင်ကိုရီးယား ဝန်ကြီး အများအပြား နှင့် သတင်းထောက်များ ဒဏ်ရာရ၊ သေဆုံးခဲ့ရသည်။

Mizzima - News in Burmese

No comments:

Post a Comment