Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 7, 2014

ခွန်အားဖြည့် အချိုရည်နဲ့ ယမကာ တွဲသောက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ


ခွန်အားဖြည့်အချိုရည်နဲ့ ယမကာကို တွဲသောက်ခြင်းဟာ ယမကာကိုပဲ သောက်သုံးခြင်းထက် ပိုအန္တရာယ်များတယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုကို Michigan Institute for Social Research မှ သုတေသီ Dr.Megan Patrick  မှဦးဆောင် လေ့လာခဲ့ပါတယ်။
ယနေ့ခေတ်မှာ လူငယ်တွေဟာ energy drinks တွေနဲ့ ယမကာကို ရောနှောသောက်သုံးမှု မြင့်တက်နေပါတယ်။ ဒါဟာ ယမကာကို သီးသန့်သောက်သုံးသူတွေအတွက် ယမကာအဆိပ်သင့်ခြင်း (alcohol poisoning)ကို ပိုဖြစ်စေနိုင်ပါတယ်။ လူငယ်တွေဟာ ပါတီနဲ့ပျော်ပွဲရွှင်ပွဲတွေမှာ အိပ်မငိုက်စေဘဲ နိုးနိုးကြားကြားရှိနေစေဖို့ အခုလို တွဲဖက်သောက်သုံးကြတာ ဖြစ်တယ်လို့  Dr.Megan Patrick က ပြောကြားခဲ့ပါတယ်။ ဒီလေ့လာမှုမှာ Penn State University မှ ကောလိပ်ကျောင်းသား ၆၅၂ဦးကို လေ့လာခဲ့ပြီး စာသင်နှစ် လေးနှစ်ကြာ လေ့လာခဲ့ပါတယ်။ စာမေးပွဲအပြီး ကာလတွေမှာ ပါတီတွေကျင်းပပြီး လူငယ်တွေဟာ ယမကာနဲ့ ခွန်အားဖြည့် အချိုရည်တွေကို ရောနှောသောက်သုံးကြတယ်လို့ သိရပါတယ်။
တွေ့ရှိရတာကတော့ ယမကာကို သီးသန့်သောက်သုံးတာထက်စာရင် ရောနှောသောက်သုံးသူတွေမှာ အသည်းကို ပျက်စီးမှုကိုဖော်ပြတဲ့ အင်ဇိုင်းပမာဏ မြင့်တက်နေတာကိုဓာတ်ခွဲစစ်ဆေးမှုများက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဟာ အရက်နာကျခြင်း၊ အော့အန်ခြင်း၊ ယမကာအဆိပ်သင့်ခြင်းတွေကို ပိုမိုကြုံတွေ့ရတယ်လို့လဲ စစ်တမ်းကောက်ယူမှုမှာ ဖြေဆိုခဲ့ ကြပါတယ်။
ဒီလေ့လာမှုကို Journal of Adolescent Health မှာ ဖော်ပြထားပါတယ်။
ငြိမ်းအေး
ref;ANI
Health Updates Journal

No comments:

Post a Comment