Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 11, 2014

အဘဘိုးမင်းခေါင် ထွက်ပွဲကျင်းပလို့ ၁ဝ၈တောင်စေတီ ဂေါပကအဖွဲ့ကို သတိပေးစာပို့


ရန်ကုန်တိုင်း သာကေတမြို့နယ်ထဲက ၁ဝ၈တောင် မဟာဗောဓိ စွယ်တော်ရှင်စေတီတော်မှာ အဘဘိုးမင်းခေါင် နတ်ပွဲကျင်းပတာကို ဂေါပကနှစ်ယောက်က တိုင်တန်းလို့ တိုင်းသံဃာနာယကအဖွဲ့က နတ်ပွဲကျင်းပခွင့်မရှိလို့ သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီ သတိပေးစာထဲမှာ အဘဘိုးမင်းခေါင်ပွဲဟာ ထေရဝါဒသာသနာနဲ့ မကိုက်ညီသလို ဂေါပကအဖွဲ့မှာလည်း ကျင်းပပိုင်ခွင့်မရှိလို့ ဖော်ပြထားတာကြောင့် တိုင်ကြားခံခဲ့ရတဲ့ ကျန်ဂေါပကအဖွဲ့ဝင်တွေက မကျေနပ်တဲ့အကြောင်း ဇန်နဝါရီ ၉ရက်နေ့က ပြောဆိုခဲ့ပါတယ်။
တိုင်းသံဃာနာယက ဒုတိယဥက္ကဌရဲ့ စာထဲမှာ ၁ဝ၈တောင် မဟာဗောဓိစေတီတော်ရဲ့ ဂေါပကအဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းဖို့ရှိနေတယ်လို့ ဆိုတာဟာ သူတို့အတွက် ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်တာဖြစ်တဲ့အကြောင်း၊ စေတီတော်အတွက် အလှူငွေ ကျပ်သိန်း ၄ဝဝကျော်နဲ့ အခြားပစ္စည်းတွေ ရရှိအောင် ကြိုးစားရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
သာကေတမြို့နယ် ၁ဝ တောင်ရပ်ကွက်ထဲက ၁ဝ၈တောင် မဟာဗောဓိစေတီတော်မှာ အဘဘိုးမင်းခေါင် ဘိုးတော်ထွက်ပွဲကျင်းပဖို့အတွင်း တိုင်းသံဃာ့နာယက။ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ရဲ့ ခွင့်ပြုချက်နဲ့လုပ်ဆောင် ခဲ့တာဖြစ်ပြီး ဂေါပကအဖွဲ့ဝင်ထဲက ၂ယောက်က ကိုယ်ကျိုးအတွက် တိုင်တန်းခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။ကမာရွတ် မီဒီယာ

No comments:

Post a Comment