Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

၁၉ ရာစု၏ မြန်မာ့ရှားပါး ရှေးဟောင်းဓာတ်ပုံများ ပထမဆုံးအကြိမ် ပြသမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

၁၉ ရာစုနှစ် မြန်မာ့ ရှားပါးရှေးဟောင်း ဓာတ်ပုံများကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၏ ရုံးခန်းတွင် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းပြပွဲတွင် ပြင်သစ်နိုင်ငံသား Mr.Gilles de Flogny စုဆောင်းထားသော မြန်မာ့ရှားပါး ဓာတ်ပုံဟောင်း ၅၀ ခန့်နှင့် အီတလီ နိုင်ငံသား ဓာတ်ပုံဆရာ Felice Beato တို့၏ ဓာတ်ပုံဟောင်း များကိုလည်း ပါဝင် ပြသသွားမည် ဖြစ်ကြောင်း အဆိုပါ ပြပွဲကျင်းပမည့် တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ပြပွဲတွင် ခင်းကျင်းပြသမည့် ဓာတ်ပုံ အများစုမှာ ၁၈၈၇ ခုနှစ်တွင် မန္တလေးမြို့၌ ဓာတ်ပုံ စတူဒီယိုတစ်ခု တည်ထောင် ဖွင့်လှစ်ခဲ့သည့် အီတာလျံ-ဗြိတိသျှလူမျိုး ဓာတ်ပုံပညာရှင် Felice Beato (၁၈၃၂- ၁၉၀၉)၊ ၁၈၆၅ မှ ၁၉၁၅ ခုနှစ်အထိ ရန်ကုန်မြို့ရှိ Jackson & Bentley စတူဒီယိုကို ပိုင်ဆိုင်ခဲ့သည့် J.Jackson နှင့် ၁၉ ရာစု အကုန်ပိုင်းနှင့် ၂၀ ရာစုဆန်းပိုင်းတို့တွင် ရန်ကုန်နှင့် မော်လမြိုင်မြို့များ၌ စတူဒီယို ဖွင့်လှစ်လုပ်ကိုင်ခဲ့သူ Philip Klier တို့၏ လက်ရာများမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့တို့က ပူးပေါင်း စီစဉ်ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ အတိတ်ကာလ ပုံရိပ်များ ဖြစ်သော ယဉ်ကျေးမှု၊ ဗိသုကာလက်ရာ၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများနှင့် တိုင်းရင်းသား မျိုးနွယ်စု အသီးသီး၏ လူနေမှုဘဝများကို လှစ်ဟပြသ နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

No comments:

Post a Comment