Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

အင်းလေးကန်ရေသယံဇာတတိုးပွားရေး ဆောင်ရွက်လျက်ရှိ

ညောင်ရွှေ ဇန်နဝါရီ ၂ဝ

အင်းလေးကန်အတွင်း ရေသယံ ဇာတတိုးပွားရေး၊ ဘက်ထရီရှော့ခ် တိုက် ငါးဖမ်းစနစ်ပပျောက်ရေးကို ဒေသခံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစိတ်ပါဝင်စားသူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း အင်းလေး ကန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောသည်။

အင်းလေးကန်အတွင်း ငါးမျိုးစိတ် ပေါင်း ၅၉ မျိုးရှိကြောင်း၊ ၁၆ မျိုးမှာ မည်သည့်နေရာတွင်မှ မတွေ့ရဘဲ အင်းလေးကန်၌သာ တွေ့ရကြောင်း၊ ယနေ့အချိန်တွင် အင်းလေးကန် အတွင်း ငါးဖမ်းနည်းစနစ်များပြောင်း လဲလာခဲ့ကြောင်း၊ ဘက်ထရီရှော့ခ် တိုက်စနစ်ကြောင့် ငါးများသာမကဘဲ ရေထုအတွင်းနေ ရေထုသန့်စင်ပေး သည့် အဏုဇီဝပိုးများပါ သေစေနိုင် သည့်အတွက် ရေထုသန့်စင်မှုလုပ်ငန်း ကိုထိခိုက်နိုင်ကြောင်း၊ ဘက်ထရီရှော့ခ် တိုက်စနစ်ပပျောက်ရေးကို ဒေသခံ များနှင့်ပူးပေါင်း၍ ပညာပေး လုပ်ဆောင်လျက်ရှိကြောင်း ¤င်းက ဆက်လက်ပြောကြားသည်။

ကေလာကျေးရွာမှ ခရမ်းချဉ် စိုက်ပျိုးသူတစ်ဦးက ဘက်ထရီရှော့ခ် တိုက်ငါးဖမ်းမှုကြောင့် ရေပေါ်စိုက်ခင်း တွင် ပျိုးထောင်ထားရှိသည့်ခရမ်းချဉ် ပျိုးပင်များ လျှပ်စစ်စီးကြောင်းကြောင့် သေကြေပျက်စီးခဲ့သည်ဟုဆိုသည်

ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းခြင်းသည် ရေပေါ်နှင့်ရေအောက်ကြမ်းပြင်ရှိ ရေနေသတ္တဝါများအားလုံး သေကြေ ပျက်စီးနိုင်ကြောင်း၊ လွတ်မြောက်သွား သည့်ငါးသည်လည်း ကြီးထွားဖွံ့ဖြိုးမှု မရှိဘဲ မျိုးပွားမှုလည်းပျက်စီးသွား ကြောင်း၊ ထိုငါးများကို စားသုံးမိပါက လျှပ်စစ်စီးထားသောငါးများဖြစ်သည့် အတွက် ရေရှည်တွင်ကိုယ်အင်္ဂါတုန်ရီသောရောဂါများ ဖြစ်စေနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

သဘာဝသယံဇာတများကို ပျက်စီး စေပြီး ငါးမျိုးများပြုန်းတီးစေနိုင် သဖြင့် လျှပ်စစ်ဓာတ်ဖြင့် ငါးဖမ်းခြင်း၊ ဘက်ထရီရှော့ခ်တိုက် (ကျင်စက်)ငါးဖမ်းနည်းဖြင့် ငါးဖမ်းဆီးခြင်း မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၁ဝ/ ၂ဝဝ၅)ဖြင့် ထုတ်ပြန်တားမြစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
(နေမျိုးသူရိန်)

No comments:

Post a Comment