Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

အမှားလုပ်မိမည်ကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ လက်မှတ်ထိုးရန် တိုက်တွန်း


ဘားအံ ၊ ဇန်နဝါရီ ၂၀ ။ ။ ကရင် ပြည်နယ်လော်ခီလား၌ ယနေ့ ကျင်းပ လျက် ရှိသည့် တစ်နိုင် ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေး ညီလာခံ၌ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေး ဖိုးက နိုင်ငံဖွံ့ဖြိုးမှုအတွက်ပါ ဝင်ရမည့် ယန္တရားများနှင့် ဘုံ သဘောတူညီချက်များကို သ ဘောတူ လက်မှတ်ရေး ထိုးရာ ၌ အမှားလုပ်မိမှာ မကြောက် ကြဘဲ ရဲရဲဝံ့ဝံ့လက်မှတ်ထိုး၍ သမိုင်း တင်ကြ ပါဟု မိန့်ခွန်းအ တွင်း ထည့်သွင်းပြောသည်။

“အမှားလုပ်မိမှာ မကြောက် ကြပါနဲ့။ အောင်မြင် တဲ့ငြိမ်းချမ်း ရေးဖော်ဆောင် ရာမှာ ပါဝင်ရ မယ့်ယန္တရားများနဲ့ သဘောတူ ညီချက်များကို ကဏ္ဍပေါင်းစုံနဲ့ ဘက်ပေါင်းစုံမှ အသိသက်သေ များရဲ့ ရှေ့မှောက်မှာ ရဲရဲဝံ့ဝံ့ လက်မှတ်ရေး ထိုး သမိုင်း တင် ကြပါ””ဟု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူး တူးစေးဖိုး က ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံရေးပြဿနာ များဖြေရှင်းချိန် ၌ ပြတ်သားသည့် နိုင်ငံရေး ဦးဆောင် မှု အောက် တွင် နာခံမှုကောင်းသူများအဖြစ် ပြောင်းလဲ မှုများ အား ပံ့ပိုးပေး ကြရန်၊ လွတ်လပ်စွာတွေးခေါ် ၍ အနာဂတ်ကောင်းများ ဖန် တီးရန်၊ တာဝန်ခံမှုကင်းသည့် လုပ်ရပ်များကို ရှောင်ရှားရန်၊ ယုံကြည်မှု တည်ဆောက်ခြင်း ဖြင့် ဆက်သွယ်ရေးလမ်းကြောင်း များဖန်တီးရန်၊ အမျိုးသမီးနှင့် လူငယ် များ ပါဝင်သည့် လက်တွေ့ ဆန်သည့် တိုင်းရင်းသားစည်း လုံးညီညွတ်မှု တည်ဆောက် ရန် ယင်းက ဆက်လက် တိုက် တွန်းသည်။
Credit: Yangon Media Group

No comments:

Post a Comment