Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

ကိုယ်လုပ်ချင်တာ လုပ်ရတာမို့ ပျော်ရတာ ရှိသလို စိတ်ညစ်ရတာလည်း ရှိပါတယ် ရွှေသုန်သုန်



17-1-2014

သုန်က ရန်ကုန်မှာ iLBC ကျောင်းတက် တယ်ဆိုတော့ အရမ်း တော့ စိမ်းမနေဘူး။ ရန်ကုန်ကို ခု တစ်ခေါက်က မဂ္ဂဇင်း ဂျာနယ်တွေ အတွက် ဓာတ်ပုံ ရိုက်ပေးဖို့ရယ် ကြော်ငြာတွေ ရိုက်စရာရှိတာ ကြောင့်လာခဲ့တာပါ။ သုန်က လော လောဆယ် ကြော်ငြာတွေ ရိုက်ဖြစ် နေတာပဲရှိတယ်။ 

ဇာတ်ကားရိုက်ဖို့ အစီအစဉ်မရှိသေးဘူး။ ဗီစီဒီနဲ့ ကြော်ငြာ ရိုက်တာလေးတောင် အိမ်ကနေ ခွင့်ပြုချက်ရဖို့ တော် တော်တိုက်ထားရတာ။
ဇာတ်ကား ရိုက်ဖို့ ခွင့်မပြုသေးဘူး။ အိမ်က တော့ ပညာရေးကိုပဲ အာရုံစိုက်စေ ချင်တယ်။ 

သုန်က ဒီအလုပ်လုပ် ချင်တာဆိုတော့ ပညာရေးကိုလည်း အာရုံစိုက်ပါ
မယ်ဆိုပြီး ကတိတွေ ပေးပြီးလုပ်ရတာ။ သုန်လုပ်ချင်တဲ့ အလုပ်လုပ်ရဖို့ ပျော်သလို တစ်ခါ တလေ နားလည်မှု လွဲတာတွေ ကြောင့် စိတ်ညစ်
ရတာမျိုးလည်းရှိ တယ်။

ခုနောက်ပိုင်းဆို သုန် ရှုတင် ချိန်တွေကအစ အချိန်မီရောက်ဖို့ ကြိုးစားသလို အားလုံးနဲ့ ဟန်ချက် ညီ နေနိုင်အောင် ကြိုးစားဖြစ်တယ်။ ရွှေရည်သုန်သုန်လို့ သိတဲ့ သူရှိသလို မသိတဲ့သူတွေလည်းရှိတော့ သုန့်ကိုပရိသတ်အသိအမှတ်ပြု
လာဖို့ ကြိုး စားရမှာ သုန့်တာဝန်ပဲလေ။ အဲဒီ တော့ သုန် ဖက်ရှင်နဲ့ အလှ
အပက အစ သေချာ ဂရုစိုက်ပြင်ဆင်ဖြစ် တယ်။

ရွှေရည်သုန်သုန် ဆိုတာ ပွင့် ပွင့်လင်းလင်း ပြောတတ်ပြီး သိပ် မိန်းကလေး မဆန်တဲ့ မိန်းကလေးလို့ ပြောရမှာပါ။ သုန် အမျိုးသား သရုပ် ဆောင်တွေနဲ့ တွဲပြီး မရိုက်ဖြစ်ဘူး ဆိုတာ ဘာအကြောင်းကြောင့်မှ မ ဟုတ်ပါဘူး။ တွဲရိုက်မယ်ဆိုလည်း ရိုက်မှာပါပဲ။ ဒါပေမဲ့ ခုထိတော့ မိန်း ကလေးချင်းပဲ တွဲရိုက်ဖြစ်တာများ ပါတယ်။ 

8 DAYS

No comments:

Post a Comment