Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 25, 2014

တာ့ဂ်ျမဟာ ဆောက်သူတို့ လက်အဖြတ်ခံရ

အိန္ဒိယ Mughal အင်ပါယာ ဘုရင် Shah Jahan ဟာ ကွယ်လွန်သူ ချစ်ဇနီး မွန်တာဇ်မဟာရာ(ဂ်ျ) (Mumtaz Mahal) ကို ရည်စူးလို့ ၁၆၃၂ ခုနှစ်မှာ တာ့ဂ်ျမဟာ ( Taj Mahal ) ဂူသင်္ချိုင်းကို တည်ဆောက်ခဲ့ပါတယ်။

ဂူသင်္ချိုင်း ဆိုပေမယ့် နန်းတော်ကြီး တစ်ခုလိုပါပဲ။ တည်ဆောက်မှုက ၂၂ နှစ်တောင်ကြာမြင့်ပြီး ဆောက် လုပ်ခြင်းမှာ ပါဝင်တဲ့ ပန်းရံဆရာ၊ ဗိသုကာ ပညာရှင်များ အားလုံးကို လက်ဖြတ်ခဲ့ ပါတယ်။ အကြောင်း ကတော့ ယင်းကဲ့သို့ အလားတူ လှပတဲ့ နန်းတော်ကြီး တစ်ခုကို ထပ်မံ တည်ဆောက်နိုင် မှာစိုးလို့ ဖြစ် ပါတယ်။ အိန္ဒိယ နိုင်ငံ၊ အာဂရာ မြို့  အပြင်မှာ တည်ရှိနေတဲ့ အဆောက်အအုံနဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။
ပါရှန်း၊ တူရကီ၊ အိန္ဒိယ၊ အစ္စလာမ် တို့အပြင် ကမ္ဘာတစ်ဝန်းက ဗိသုကာ ပညာများကို လေ့လာလို့ သေချာ အချိန်ပေး တည်ဆောက်ခဲ့ခြင်း ဖြစ် ပါတယ်။ ၁၉၈၃ ခုနှစ်မှာ Taj Mahal ကို ကမ္ဘာ့ ရှေးဟောင်း အမွေ အနစ် နေရာနဲ့ အဆောက်အအုံအဖြစ် အသိမှတ်ပြု ခံခဲ့ရခြင်း ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း
innewsmyanmar

1 comment: