Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 8, 2014

သားအဖချင်းစကားများပြီး သားက ဖခင်ကို ဓားဖြင့်ခုတ်

ပြည်မြို့တွင် သားအဖချင်း စကားများရန်ဖြစ်ရာမှ သားဖြစ်သူက အနီးရှိ ဓားရှည်ဖြင့် ခုတ်သတ်သဖြင့် ဖခင်ဖြစ်သူ သေဆုံးကြောင်း သတင်းရရှိသည်။
ပြည်မြို့နယ်၊ သစ်ချို့ပင်ကျေးရွာအုပ်စု၊ အိမ်ကုန်ကျေးရွာနေ ဦးဖိုးစိန်နှင့် သားဖြစ်သူတို့သည် ဇန်န၀ါရီ ၃ ရက်က ၎င်းတို့ နေအိမ်ခြံဝင်းအတွင်း စကားများရာ ဖခင်က သားကို ထင်းချောင်းဖြင့်ရိုက်၍ သားဖြစ်သူက အနီးရှိ ဓားရှည်ဖြင့် ပြန်လည်ခုတ်ခဲ့ရာ ဖခင်ဖြစ်သူမှာ နဖူးနှင့် ငယ်ထိပ်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် ၀က်ထီးကန်ဆေးရုံ၌ ဇန်န၀ါရီ ၄ ရက်၌ သေဆုံးသွားသည်။
ပြစ်မှုကျူးလွန်သည့် သားဖြစ်သူကို ပြည်မြို့နယ် ၀က်ထီးကန်ရဲစခန်းက အမှုအရေးယူထားကြောင်း သတင်းရရှိသည်။
7Day

No comments:

Post a Comment