Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 25, 2014

မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲဝန်ဆောင်မှုစတင်


ရန်ကုန်၊ ဇန်နဝါရီ ၂၄

ဘဏ်ဝန်ဆောင်မှုများကို သုံးစွဲမှု နည်းပါးသေးသော မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းဖြင့် ငွေထည့်သွင်း လွှဲပြောင်းခြင်း၊ ကုန်စည် ဝယ်ယူခြင်းများ ပြုလုပ်နိုင်သည့် Myanmar Mobile Money ဝန်ဆောင်မှုကို အင်းဝဘဏ်တွင် စာရင်းသွင်း၍ သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း အင်းဝဘဏ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားသည်။

အင်းဝဘဏ်နှင့် ချိတ်ဆက်ထားသော အေးဂျင့်များမှ တစ်ဆင့် ငွေလွှဲပြောင်းရမည့် အဆိုပါ ဝန်ဆောင်မှုကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လက်အောက်ရှိ အင်းဝဘဏ်နှင့် Myanmar Telecommunation Services တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး ဘဏ်မရှိသည့် နေရာများ၌ပါ ငွေလွှဲပြောင်းနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

ကျေးလက်ဒေသများရှိလူများ စရိတ်သက်သာစွာဖြင့် သုံးစွဲနိုင်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အားပေးကူညီသည့် သဘောဖြင့် ဗဟိုဘဏ်က မိုဘိုင်းလ် ဘဏ်လုပ်ငန်းကို ခွင့်ပြုချက်ချပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။

ယင်းဝန်ဆောင်မှု ပေါ်ပေါက်လာခြင်းကြောင့် ငွေလွှဲပြောင်းရာတွင် အဆင်ပြေမည် ဖြစ်သော်လည်း ထည့်သွင်းထားသောငွေ လုံခြုံရေးကို စိုးရိမ်မိကြောင်း သုတေသန ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ် ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

Myanmar Mobile Money ဝန်ဆောင်မှုကို ကမ္ဘောဒီးယားနိုင်ငံရှိ Wing Mobile Money ၏ပုံစံကို အတုယူ၍ ပြုလုပ်ထားခြင်း ဖြစ်ပြီး လုံခြုံရေးအတွက် ကမ္ဘာကျော် Oberthur Technologies ကုမ္ပဏီနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အင်းဝဘဏ်ထံမှ သိရသည်။

အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုရန် မှတ်ပုံတင်ကြေး ကျပ် ၅၀၀ ပေးသွင်း၍ အင်းဝဘဏ်တွင် စတင်သုံးစွဲနိုင်ပြီ ဖြစ်ပြီး တစ်ရက်လျှင် ကျပ် ၁၀ သိန်းအများဆုံး လွှဲပြောင်းနိုင်ပြီး တစ်ကြိမ်လျှင် ငါးသိန်းအထိ လွှဲပြောင်းနိုင်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

သမဝါယမဘဏ် လီမိတက်ကလည်း မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှုကို စမ်းသပ်လုပ်ကိုင်နေကြောင်း ဇန်နဝါရီလဆန်းပိုင်းက ကြေညာထားသည်။

ပြည်တွင်းတွင် မိုဘိုင်းလ်ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ဘဏ်ခုနစ်ခုနှင့် အသေးစား ချေးငွေလုပ်ငန်းတစ်ခုက တင်ပြထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

No comments:

Post a Comment