Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

မလေးရှားတွင် မီးလောင် မြန်မာ ၁ ဦး သေဆုံး

မြန်မာနိုင်ငံသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားခဲ့ရတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်တီအွန်နမ်အရပ်က မီးလောင်မှုနဲ့ ပတ်သတ်လို့ ရဲက စုံစမ်းစစ်ဆေးနေတယ်လို့ မလေးရှား သည်စတား အွန်လိုင်သတင်းမှာ ဖော်ပြပါတယ်။


အသက် ၂၈ နှစ်အရွယ် မြန်မာအမျိုးသား ၂ ဦး နေထိုင်ရာ ကားရပ်နားရာနေရာက ယာယီနေဖို့လုပ်ထားတဲ့ ကုန်သေတ္တာတလုံးမှာ ရှို့မီးလို့ ယုံကြည်ရတဲ့မီးလောင်မှုတခု ဇန်န၀ါရီ ၈ ရက်နေ့ မနက် ၃ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကို မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက သတင်းရပြီးနောက် သွားရောက် ကယ်ဆယ်ခဲ့ရာမှာ ၁ ဦးရဲ့ အသက်ကို ကယ်နိုင်ခဲ့ပြီး တဦးကတော့ မီးထဲပါသွားခဲ့တဲ့အကြောင်းနဲ့ အာဏာပိုင်တွေက မီးရှို့တိုက်ခိုက်ရာမှာ အသုံးပြုပုံရတဲ့ ပလစ်စတစ်ပုံး ၂ လုံးကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြို့ရဲ့ ရာဇ၀တ်မှုစုံစမ်းရေးဌာနရဲ့ အကြီးအကဲ ခိုင်ရီအာရာဆာကတော့ ရဲတပ်ဖွဲ့အနေနဲ့ ဒီအမှုကို လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေကြောင်းနဲ့ မြန်မာ ၁ ဦး သေဆုံးခဲ့ရတဲ့ ဒီ မီးလောင်မှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ အထောက်အထားတချို့ ရှာဖွေ တွေ့ရှိထားတယ်လို့ ပြောပါတယ်။

ဒီ အမှုဖြစ်ရခြင်းအကြောင်းရင်းဟာ ကားပါကင်ပြဿနာနဲ့ ဆက်စပ်နေပြီး တရားခံ တွေကိုတော့ ဇန်န၀ါရီ ၉ ရက် ဒီနေ့မှာ ဖမ်းဆီးနိုင်လိမ့်မယ်လို့လည်း ရဲကပြောပါတယ်။

ဒဏ်ရာရသွားတဲ့ မြန်မာတဦးကတော့ မီးလောင်ဒဏ်ရာတွေနဲ့ ကွာလာလမ်ပူဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

DVB Burmese

Cops probing fire that killed Myanmar man

KUALA LUMPUR: Police are investigating a fire that killed a Myanmar national and injured another at a makeshift container home in Jalan Tiong Nam here.
The fire, believed to be an arson attack, took place at around 3am yesterday at the container, which is located in a carpark that the two men, both 28, were looking after.
It is learnt that the Fire and Rescue Department received a call about the fire at about 3.30am.
Although rescuers from the Sentul and Hang Tuah fire stations managed to save one of the men, the other was burnt in the fire.
Authorities later found two plastic bins believed to have been used in the arson attack.
Acting City CID chief Asst Comm Khairi Ahrasa said the police were investigating the case as murder under Section 302 of the Penal Code.
“We found some evidence that shows that the fire was set on purpose, causing the death of the Myanmar national.
“The other man is being warded at Hospital Kuala Lumpur for burns and smoke inhalation,” he said, adding that they would be making an arrest today.
The motive for the fire, he said, was related to the parking lot.
http://www.thestar.com.my/News/Nation/2014/01/09/Cops-probing-fire-that-killed-Myanmar-man/

No comments:

Post a Comment