Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 27, 2014

သူရဦးရွှေမန်းနှင့် ဦးကိုကိုကြီးတို့ လွှတ်တော်တွင် တွေ့ဆုံ


မဇ္ဈိမသတင်းဌာန| တနင်္လာနေ့၊ ဇန်နဝါရီလ ၂၇ရက်၊ ၂၀၁၄ခုနှစ်။

နေပြည်တော်၊ မဇ္ဈိမ။ ။ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးတို့ ဇန်နဝါရီလ ၂၇ရက် ညနေက လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံခဲ့ကြသည်။

ယင်းကဲ့သို့ တွေ့ဆုံခြင်းသည် ဦးကိုကိုကြီးအနေဖြင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ အကြံပေးအနေဖြင့် လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး ထိုအဖွဲ့က လွှတ်တော်၏ လုပ်ဆောင်ချက်များကို လေ့လာသုံးသပ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။
-------------------------
Mizzima - News in Burmese
လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်း မေးမြန်းချက်၊ အဆိုပြုချက်၊ ဆွေးနွေးချက်များကို လေ့လာပြီး အစီရင်ခံစာတစ်ရပ် ထုတ်ပြန်နိုင်ရန် လွှတ်တော်ဥက္ကဋ္ဌများနှင့် လာရောက်ဆွေးနွေးသည့် ၈၈ ကျောင်းသား ဦးကိုကိုကြီးကို တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းမင်း၊ မဇ္ဈိမ)။
ဦးကိုကိုကြီးအနေဖြင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် လာရောက်ခြင်းမဟုတ်ဘဲ အစီရင်ခံစာရေးသားမည့် NGO အဖွဲ့အစည်းဖြစ်သော “ပွင့်လင်းမြန်မာ့ရှေ့ဆောင်(Open Myan mar Initiative-OMI) အဖွဲ့” ၏ အကြံပေးအနေဖြင့်သာ လာရောက်ဆွေးနွေးခြင်းဖြစ်သည်။

No comments:

Post a Comment