Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 25, 2014

မနက်စာအဖြစ် ဘာကြောင့် ကြက်ဥကို စားသင့်ပါသလဲ

မနက်စာအဖြစ် ဘာကြောင့် ကြက်ဥကို စားသင့်ပါသလဲကျန်းမာရေးနှင့် ညီညွတ်တဲ့ မနက်စာ စားသုံးခြင်းဟာ ဦးနှောက် အတွက် အကျိုးဖြစ်စေပြီး တစ်မနက် လုံး အာရုံစူးစိုက်မှု ကောင်းစေကာ အလုပ်လုပ်နိုင် စွမ်းကို ကူညီပေးနိုင် ပါတယ်။
 မနက်စာ အဖြစ် ကြက်ဥကို စားပေးခြင်းက ဦးနှောက်ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေပါ တယ်။ ဥအမျိုးမျိုး မှာတွေ့ရတဲ့ ဗီတာ မင်ဘီတစ်မျိုးဖြစ်တဲ့ ကိုလင်း(Choline) က ဦးနှောက် လုပ်ငန်းဆောင် တာများ နှင့် မှတ်ဥာဏ်တွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ကြောင်း သက်သေပြ ထားပြီဖြစ်ပါတယ်။ အမေရိကန် ဆေးဘက်ဆိုင်ရာ အာဟာရဂျာနယ် တွင် ဖော်ပြ ထားသော လေ့လာချက် တစ်ခုအရ ကိုလင်း ပါဝင်သော အစား အစာများကို စားသုံးပြီး မှတ်ဥာဏ်နှင့် နှုတ်မှုစွမ်းရည် Verbal စစ်ဆေးမှုများ တွင် ဖြေဆိုသူများသည် မစားသုံး သောသူများထက် ကောင်းမွန်စွာ ဖြေဆိုနိုင်ကြကြောင်းတွေ့ရှိ ထားပါတယ်။
ကြက်ဥနှင့် ဥအမျိုးမျိုးတွင် အရည်အသွေး ကောင်းသော ပရိုတင်း ဓာတ်များ ပါဝင်နေ ပါတယ်။ ထိုအာ ဟာရဟာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းပေးထားခြင်း ဖြင့် အာရုံစူးစိုက်မှု ကောင်းစေရန် ကူ ညီပေးပါတယ်။ ဗိုက်ပြည့်နေတဲ့ ခံစား မှုကို အချိန်ကြာကြာ ခံစားစေပါတယ်။ ကြက်ဥကို မွှေပဲကြော်ကြော်၊ ခေါက် ပဲကြော်ကြော်၊ Half Fried ကြော် ကြော်၊ ပြုတ်ပဲစားစား မနက်စာအဖြစ် စားသုံးပါက ဦးနှောက်အတွက် အာ ဟာရဖြစ်စေပြီး မနက်တစ်လျှောက် လုံး အားအင်ပြည့် စေပါတယ်။
ဇင်မာမြင့်

No comments:

Post a Comment