Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 16, 2014

လပွတ္တာ-သင်္ကန်းကြီး ခရီးသည်တင်ကား တိမ်းမှောက် အချို့ ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ-သင်္ကန်းကြီးရွာ ခရီးသည်တင်ကား ဇန်န၀ါရီ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်၊ ကလေးငယ်အပါအ၀င် ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဆိုပါ ခရီးသည်တင်ကားဟာ သင်္ကန်းကြီးကနေ လပွတ္တာမြို့ကို အလာ ၁၀ မိုင် ၅ ဖာလုံအရာက်မှာ ဆိုင်ကယ်ကိုရှောင်ရင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ လပွတ္တာ ယာဉ်ထိန်းရဲ အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒဏ်ရာရရှိသူ ၁၆ ဦးထဲက အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်း ပါဝင်တယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

ဒဏ်ရာရရှိ သူတွေကို လပွတ္တာမြို့နယ် ၃ မိုင် ကုတင် ၂၀၀ ဆေးရုံမှာ ပို့ဆောင်ကုသနေတယ်လို့ လူနာတွေကို သွားရောက် တင်ဆောင်ခဲ့တဲ့ လပွတ္တာ နှလုံးသား ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ဦးမင်မင်းအောင်က ပြောပါတယ်။

တိမ်းမှောက်မှုဖြစ်တဲ့ ကားဟာ ဒိုင်နာအမျိုးအစား ခရီးသည်တင်ကားဖြစ်တယ်လို့ ဆိုပါတယ်။ လပွတ္တာနဲ့ သင်္ကန်းကြီးရွာဟာ မိုင် ၂၀ လောက်ကွာဝေးပါတယ်။

By webteam (ဒီဗွီဘီ)

၁၆.၁.၂၀၁၄၊ နံနက် (၇)နာရီကျော်ခန့်တွင် လပွတ္တာ-သင်္ကန်းကြီးကား တိမ်းမှောက်သောကြောင့် ဒဏ်ရာရရှိသူ(၁၅)ဦးရှိပြီး နှလုံးသားအဖွဲ့ မှ လူနာတင်ယာဉ်နှစ်စီးဖြင့် သွားရောက် တင်ဆောင်၍ လပွတ္တာခရိုင် သုံးမိုင် ကုတင် ၂၀၀ ဆေးရုံသို့အမြန်ဆုံး ပို့ဆောင် ပေးခဲ့သည်၊၊  Hna Lone Thar Laputta



ဒဏ်ရာရ လူနာအချို့

No comments:

Post a Comment