Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 18, 2014

တူမောင်ညို - ကာချုပ် စိတ်ကြိုက် “ဗိုလ်ထီး၊ ဗိုလ်မတွေ” နဲ့ ကလဖန်ထိုးနိုင်သည့် လွှတ်တော်

ကာချုပ် စိတ်ကြိုက် “ဗိုလ်ထီး၊ ဗိုလ်မတွေ” နဲ့ ကလဖန်ထိုးနိုင်သည့် လွှတ်တော်
တူမောင်ညို
ဇန်နဝါရီလ ၁၈၊ ၂၀၁၄


၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅/၂၀၁၄ )ဖြင့် တိုင်းဒေသ ကြီး (၅) ခုနှင့် ပြည်နယ် (၆) ခု တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်သားအမတ် ၂၄ ဦး အစားထိုးခဲ့သည်။ ၂၀၁၄ ခုနှစ်ထဲတွင် ဒုတိယအကြိမ်အစားထိုးခြင်းဖြစ်သည်။ 
ထိုသို့အစားထိုးခဲ့သည် စစ်သားအမတ် ၂၄ ဦး တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌  ‘ဗိုလ်မ’ တစ်ဦး ပါဝင်လာသည်။  
အင်န် - ၅၆၄ ဗိုလ်မှူး ဒေါ်နှင်းယုကျော်
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကြေညာချက်အမှတ် (၁/၂၀၁၄) ဖြင့် ပြည်သူ့လွှတ်တော် စစ်သား အမတ်များအား အစားထိုးရာတွင် ‘ ဗိုလ်မ ’ ၂ ဦး ပါဝင်လာခဲ့သည်။ 
(ကြည်း - ၂၅၅၀၄) ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် 
(ကြည်း - ၂၆၀၇၀) ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင်  
ဗိုလ်ထီးဖြစ်ဖြစ်၊ ဗိုလ်မဖြစ်ဖြစ် အစိုးရအဖွဲ့ထဲ၌ဖြစ်စေ၊ စစ်တပ်ထဲ၌ဖြစ်စေ၊ လွှတ်တော်ထဲတွင်ဖြစ်စေ ကာချုပ် ဗိုလ်မင်းအောင်လှိုင် အမိန့်နာ ခံရမည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅/၂၀၁၄ )
ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် စစ်သားအမတ် ၂၄ ဦးအစားထိုးခြင်း 
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် 
● တိုင်းဒေသကြီး ၅ ခု
၁။ တနင်္သာရီတိုင်းဒေသကြီး          ၁ ဦး 
၂။ ပဲခူးတိုင်းဒေသကြီး                   ၂ ဦး 
၃။ မကွေးတိုင်းဒေသကြီး               ၅ ဦး 
၎။ ရန်ကုန်တိုင်းဒေသကြီး             ၂ ဦး  (ဗိုလ်မ တစ်ဦးပါဝင် - အင်န် ၅၆၄ ဗိုလ်မှူး ဒေါ်နှင်းယုကျော် )
၅။ ဧရာဝတီတိုင်းဒေသကြီး           ၃ ဦး 
● ပြည်နယ် ၆ ခု
၁။ ကချင်ပြည်နယ်                       ၂ ဦး 
၂။ ကယားပြည်နယ်                      ၁ ဦး 
၃။ ကရင်ပြည်နယ်                        ၁ ဦး
၎။ မွန်ပြည်နယ်                            ၁ ဦီး 
၅။ ရခိုင်ပြည်နယ်                          ၂ ဦး 
၆။ ရှမ်းပြည်နယ်                           ၄ ဦး 
ညွန်း 

၁၈၊ ၁၊ ၂၀၁၄ မြန်မာ့အလင်းသတင်းစာ
မိုးမခ

No comments:

Post a Comment