Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 29, 2014

လျော်ကြးငွေပေးအပ်ပွဲ အခမ်းအနား

Wednesday, January 29, 2014

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် Sea Game အားကစားပွဲတော်ကြီး၏ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ၊ အုပ်စုပွဲစဉ်တစ်ခုဖြစ်သည့် မြန်မာနှင့်ထိုင်းပြိုင်ပွဲတွင် ညာဘက်ခြေကျင်းဝတ်၌ အရွတ်လုံးဝစုတ်ပြဲသည့် ဒဏ်ရာရရှိခဲ့သော မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကြည်လင်း၏ အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှုအာမခံလျော်ကြေးငွေ ပေးအပ်ပွဲကို ယနေ့ (၂၉-၁-၁၄) ရက်နေ့ နံနက် (၁၁) နာရီတွင် နိုင်ငံသားစီးပွားရေး အာမခံ အများပိုင် လီမိတက် (ရုံးချုပ်) တွင် ပေးအပ်ခဲ့ပါသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးသမားကြည်လင်းသည် မိခင်ကလပ်ဖြစ်သည့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းတွင် ကစားနေစဉ်အတွင်း (၃-၇-၁၃) ရက်နေ့တွင် နိုင်ငံသားစီးပွားရေးအများပိုင် လီမိတက်၌ "အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ" ၅ ယူနစ်ကို ၀ယ်ယူထားရှိခဲ့ခြင်းအတွက် အကျိုးခံစားခွင့်ငွေ ကျပ် ၁၀၅၀၀၀၀ိ/- (ကျပ် ဆယ်သိန်းငါးသောင်းတိတိ) ကို ရရှိခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် နိုင်ငံသားစီးပွားရေး အာမခံ အများပိုင် လီမိတက်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသောင်းဟန်မှ လျော်ကြေးငွေကို ပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာ့အလင်း၊ The Voice Daily, 7 Days, Trade Time, Yangon Time, MRTV 4 နှင့် Sky Net မှ သတင်းမီဒီယာသမားများတက်ရောက်၍ သတင်းရယူခဲ့ပါသည်။

CB Insurance
















No comments:

Post a Comment