Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 3, 2014

ဧရာဝတီတိုင်းအကျဉ်းထောင်များမှ အကျဉ်းသား ၈၀၀ကျော်လွတ်မြောက်၊ မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ဦးမောင်ဝိတ်ပါဝင်


ပုသိမ်။ ။သမ္မတ၏ လွတ်လပ်ရေးနေ့အကြို လူသားချင်းစာနာသည့် လွတ်ငြိမ်းချမ်းသာခွင့်အရ ဧရာဝတီတိုင်းအတွင်း အကျဉ်းထောင် လေးခုနှင့် ရဲဘက်စခန်းများမှ အကျဉ်းသား ၈၄၀ဦး ဇန်နဝါရီ ၃ရက်က လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်တွင် ပုသိမ် အကျဉ်းထောင်မှ အကျဉ်းသား ၂၀၈ဦး၊ အကျဉ်းသူ၄၆ဦး၊ မြောင်းမြ အကျဉ်းထောင်မှ အကျဉ်းသား ၂၄ဦး၊ အကျဉ်းသူ၃၂ဦး၊ ဟင်္သာတ အကျဉ်းထောင်မှ အကျဉ်းသား ၇၇ဦး၊ အကျဉ်းသူ၂၅ဦး၊ မအူပင် အကျဉ်းထောင်မှ အကျဉ်းသား ၇၀ဦး၊ အကျဉ်းသူ ၄ဦး လွတ်မြောက်လာပြီး ကစကဲ စိုက်ပျိုးရေး ရဲဘက်စခန်းမှ အကျဉ်းသား ၈၇ဦးနှင့် ဆားမလောက် ဘ၀သစ်(၃) စိုက်ပျိုးရေးစခန်းမှ အကျဉ်းသား ၈၅ဦးတို့ကို ဇန်န၀ါရီလ ၃ရက်က လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများထဲတွင် မူးယစ်ဆေးဝါး အမှုများဖြစ်သည့် ပုဒ်မ(၁၅)၊ (၁၆)တို့ဖြင့် ပြစ်ဒဏ်(၁၅)နှစ်၊ ဧည့်စာရင်းမတိုင်၍ ပြစ်ဒဏ်၃နှစ် စုစုပေါင်း ပြစ်ဒဏ် ၁၈နှစ် အမိန့် ချမှတ်ခံထားရသည့် ဦးမောင်ဝိတ်လည်း ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ ကြီးနိုင်ငယ်ညှင်းနှိပ်စက်ခြင်းတွေ ကင်းဝေပါစေ၊ တကယ်တော့ မှန်ခြင်းမှားခြင်း၊ အပြစ်ရှိခြင်းမရှိခြင်း၊ အရေးယူခြင်း မယူခြင်းတွေကို ဘယ်သူဆုံးဖြတ်တာဆိုတဲ့ အပေါ်ကို မူတည်နေပါတယ်၊ လွှတ်သင့်တဲ့ လူတွေ လွှတ်ပေးတာ မင်္ဂလာပါ။ လွှတ်သင့်တဲ့သူတွေ အများကြီး ကျန်နေပါသေးတယ်လို့ စိတ်ထဲမှာ ခံစားရပါတယ်” ဟု ဦးမောင်ဝိတ်က ပုသိမ်အကျဉ်းထောင်ရှေ့တွင် မီဒီယာများကို ပြောသည်။

သမ္မတ၏ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသား ၇၀၀၀ခန့်လွှတ်ပေးခဲ့ကြောင်း သတင်းများအရ သိရှိရသည်။ သီးခြားအတည်ပြုချက်ရယူရန် မဇ္ဈိမက သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနတစ်ချို့နှင့် ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်သွယ်သော်လည်း စာရင်းအနှစ်ချုပ် မရရှိသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။

နိုင်ငံတော်သမ္မတရုံးက ၁/၂၀၁၄ ဖြင့် ဇန်န၀ါရီလ ၃ ရက်အထိ ထောင်အသီးသီးတွင် ပြစ်မှုတစ်ခုခုဖြင့် ပြစ်ဒဏ်ကျခံရသူ အားလုံးသည်
သေဒဏ်ကျခံရသူဖြစ်ပါက ထောင်ဒဏ်တစ်သက် (နှစ် အကန့်အသတ်မရှိ လျှော့ပေါ့)၊ ထောင်ဒဏ်တစ်သက်ကျခံနေရသည့်သူကို
ထောင်ဒဏ်နှစ် ၄၀ နှင့် ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံရသူကို ပြစ်ဒဏ်၏လေးပုံတစ်ပုံ ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် (ထောင်ဒဏ် ၁၀ ကျခံပြီးသူဖြစ်ပါက) လျှော့ပေါ့ လွတ်ငြိမ်း ချမ်းသာ ခွင့်ပြုလိုက်သည်ဟု ဇန်န၀ါရီလ ၂ရက် ညနေ ၆ နာရီတွင် ထုတ်ပြန်လိုက်သည်။


ဓာတ်ပုံအညွှန်း>>>> ပုသိမ်ထောင်မှ လွတ်မြောက်လာသော ဦးမောင်ဝိတ်အား ဇန်နဝါရီလ ၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)

-----------------------
ဗိုလ်ချုပ်မှုးကြီး ဟောင်း ဦးသန်းရွှေ ရဲ့  မြေး နေရွှေသွေးအောင် ကို ညကလပ် မှာ အက်တာဆီ လို့  ခေါ်တဲ့ မူးယစ်ဆေးဝါး ပေးတယ် လို့  သတင်း ထွက် ပေါ် ပြီး မှာ မူးယစ်ဆေးဝါးမှု ၊ဧည့်စာရင်းမတိုင်မှု တွေ ကြောင့်
ထောင်ဒဏ် ၁၈ နှစ် ကျခံနေရတဲ့ မောင်ဝိတ်လည်း သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် နဲ့  ပုသိမ်ထောင်က နေ လွတ်မြောက် လာပါတယ်။ သူ လွတ်မြောက် စဉ် မှာ ထောင်ထဲ မှာ ကျန် ခဲ့ တဲ့ အကျဉ်းသား တွေ အတွက် ပုဆိုး ၊ အင်္ကျီ အထည် ၃၀၀ ကျော် ကို လှုဒါန်းခဲ့တယ် လို့  သိရ ပါတယ်။
photo credit : zaw voice

No comments:

Post a Comment