Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 29, 2014
ဆင်းရဲသားတွေကိုငွေဝေမျှပေးချင်တဲ့ခေတ်သစ်ရော်ဘင်ဟု
သြစတြီးယားက ရဲဝန်ထမ်းဟောင်းတဦးဟာ  အာဖရိက ကငတ်မွတ်နေတဲ့ကလေးတွေကို တွေ့ ပြီး တဲ့ နောက်စိတ်ထိခိုက်လှတာနဲ့ ကမ္ဘာတလွှားဓနငွေခွဲဝေရေးအကြံအစည် ကြီး ကိုအကောင် အထည်ဖော်ခဲ့ပါတယ်။
သူဟာ  ငွေအပြည့်ထည့်ထားတဲ့ ဗင်ကားကို ဓားပြတိုက်ပြီး ပေါင် ၃သန်းလုယူခဲ့ပါ တယ်။ သူ့ ရည်ရွယ်ချက်က အာဖရိ ကကလူတွေကိုခွဲဝေပေးဖို့ ပါ။
သူ့ နာမည်ကိုတော့ အဲဒီတိုင်းပြည်ရဲ့  တင်းကျပ်တဲ့ပုဂ္ဂလိက ဥပဒေ အရဖော်ပြခွင့်မရှိပါ။ သူဟာ ဂျူတီချိန်တွင်းမှာ သေနတ်ပစ်ခတ်မှုကြောင့် ရဲဘ၀ကအနားယူခဲ့ရပြီးတဲ့နောက် ကိုယ်ပိုင်လုံခြုံရေး အဖွဲ့ အစည်းတခုကိုထူထောင်ခဲ့ပါတယ်။
ဒါပေမယ့်အာဖရိကမှာ သွားအလုပ်လုပ်ပြီးတဲ့နောက် သူမြင်တွေခဲ့ရတဲ့ဆင်းရဲမွဲတေမှုနဲ့ ဆာလောင် မွတ်သိပ်မှု တွေဟာ သူ့ စိတ်ကိုအလွန်ပဲထိခိုက်စေခဲ့ တယ်။
ဗီယင်နာက ငွေထုတ်စက်အတွက် ခရစ္စမတ်ကာလသွားရောက်ငွေဖြည့်မယ်လို့ သိရတဲ့အခါ သူ့ အကြံအစည်ကို စတင်အကောင်အထည်ဖော်ခဲ့တယ်။ သူ့ ရဲ့ "ကမ္ဘာတလွှားဓနဥစ္စာခွဲဝေပေးရေး"အကြံအစည်ကိုသူ့ အရင်အလုပ်ကအမျိုးသမီးတစ်ယောက်ကို ရှင်းပြပြီး သူ့ ကိုကူညီဖို့ စည်းရုံးနိုင်ခဲ့တယ်။ 
ဓားပြတိုက်တဲ့အချိန်မှာ မျက်နှာဖုံးတွေစွပ်ထားပေမယ့် လုံခြုံရေးတစ်ယောက်က စီစီတီဗီမှာမြင်ရတဲ့ အမျိုးသမီးပုံဟာ သူ တို့ လုပ်ဖော် ကိုင်ဖက်ဟောင်းအမျိုးသမီးလို့ ထင်မြင်မိကြောင်းရဲကိုပြောခဲ့တယ်။
အဲဒီအချိန်မှာ သူဟာ သူ့ အသိမိတ်ဆွေတွေထဲက ငွေကြေးအခက်အခဲဖြစ်နေသူတွေဆီကို အမည်မသိလှူဒါန်းငွေအဖြစ် ပေးပို့ ပြီးဖြစ်နေတယ်။
ရဲ ကိုပြောတာကငွေတချို့ ကိုပဲခွဲ ပေးလိုက်တာဖြစ်ပြီး  အဓိက ကတော့ အာဖရိက ကမိဘမဲ့ ကလေးတွေ ကိုပေးလှူချင်တယ်။ နယူးဂီနီမှာ အိမ်တွေကျောင်းတွေဆောက်ပေးချင် တယ် တဲ့။
အာဖရိက ကနေအလုပ်လုပ်ပြီးပြန်လာပြီးကတည်းက သူ့ ယောက်ျားဟာပြောင်းလဲ သွားခဲ့ကြောင်းအာဖရိက က ငတ်မွတ်နေတဲ့ ကလေးတွေမြင်ရတာ သူ့ ကိုအလွန်ပဲထိခိုက်စေတယ်။ အဲဒီကတည်းက သူ ဟာ အရင်လိုမဟုတ်တော့ဘူး။ ငွေလှူဒါန်း ဖို့ အစီအစဉ်တခု ကိုအမြဲပဲစီမံကိန်း ချနေတယ်။ ကမ္ဘာတလွှားက ဓနချမ်းသာကြွယ်ဝမှုကိုခွဲဝေဖို့ အကြောင်းအမြဲပဲပြောနေတော့ တယ်လို့ မိန်းမဖြစ်သူကပြောပါတယ်။
သူ့ ရဲ့ ရှေ့ နေက သူဟာ တကယ်လိုအပ်နေတဲ့သူတွေကို မကြာခဏကူညီလေ့ရှိတယ်လို့  အတည်ပြုပြော တယ်။
ရှေ့ နေပြောပြတာက သူကငွေတွေကို ကွန်တိန်နာတလုံးထဲမှာဈေးပေါတဲ့လျှပ်စစ်ပစ္စည်းတွေနဲ့ ရောပြီး အာဖရိကကို ပို့ ချင်တယ်။အစီအစဉ်အားလုံးမပြီးခင်အထိ ငွေတွေကို ထပ်ခိုးမှာ ဖွက်ထားမယ်။ အဲဒီငွေထည့်ထားတဲ့ သေတ္တာကိုတော့ မှတ်တမ်းမှတ်ရာအဟောင်းေ တွထည့်ထားတဲ့သေတ္တာလို့ မိသားစု ကိုပြောထားခဲ့တယ်။
ခေတ်သစ်ရော်ဘင်ဟုနှစ်ယောက်ကတော့ခု  ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
the melting pot 4 U
Cash haul: The charity worker stole £3 million
Source
No comments:
Post a Comment