Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကို ဖမ်းဖို့ ကြိုးစားမှုဖြစ်ပွား

ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲကို ဗြိတိန်က သာမန်အရပ်သားတဦးက ဖမ်းဆီးမှုလုပ်ခဲ့ပါ တယ်။ ဒါပေမယ့် အဲဒီလိုဖမ်းဆီးမှုက မအောင်မြင်သွားခဲ့ဘူးလို့ ဗြိတိန်အခြေစိုက် The Independent သတင်းတပုဒ်ကရေးပါတယ်။ 

လန်ဒန်မြို့မှာ ရှိတဲ့ ဘားဆိုင်တခုမှာ အလုပ်လုပ်နေသူတဦးက စစ်ရာဇ၀တ်သားအဖြစ် နိုင်ငံသားတဦးက တိုနီဘလဲ ကို အီရပ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် အခုလို ဖမ်းဆီးမှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ 


တိုနီဘလဲကို ဖမ်းဆီးရေး ဆိုတဲ့ arrestblair.org က ငြိမ်းချမ်းရေးကို ဆန့်ကျင်ပြီး ရာဇ၀တ်မှု ကျူးလွန်ခဲ့ တယ် လို့ စွပ်စွဲ ထားတဲ့ တိုနီဘလဲကို ဖမ်းဆီးပေးပါက ဘယ်သူမဆို စတာလင်ပေါင် ၈၅၀၀ ဆုချမယ်လို့ ကမ်းလှမ်းထားခဲ့တာပါ။ 

ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက လန်ဒန်မှာရှိတဲ့ စားသောက်ဆိုင်ကြီးတခုမှာ တိုနီဘလဲနဲ့ သူ့မိသားစုဝင်
တွေ၊ သူငယ် ချင်းတွေက လာရောက်စားသောက်ကြစဉ်မှာ အဲဒီဆိုင်မှာ အလုပ်လုပ်တဲ့ ဘား ၀န်ထမ်း မစ္စတာ Garcia က တိုနီဘလဲ နားသွားပြီး အဖမ်းခံဖို့ ပြောလိုက်ပါတယ်။ 

အဲဒီဆိုင်အပေါ်ထပ် စားပွဲထိပ်မှာ အခြား မိတ်ဆွေ ၈ ဦးနဲ့ အတူ ထိုင်နေတဲ့ တိုနီဘလဲကို မစ္စတာ Garcia က “မစ္စတာ ဘလဲ၊ အီရပ်မှာ ဗြိတိန်က မပါဝင်ချင်ခဲ့တဲ့စစ်ပွဲကို ပါဝင်စေခဲ့တဲ့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ဟာ ငြိမ်းချမ်းရေးကို ဆန့်ကျင် ပြီး ရာဇ၀တ်မှုတခုဖြစ်လို့ အခု ဒါ နိုင်ငံသားတွေရဲ့ ဖမ်းဆီးမှု( Citizen’s arrest ) လုပ်တာပါ။ ဒီတော့ ဒီကိစ္စ တရားရင် ဆိုင် ဖို့ အခု ရဲစခန်းကို ငါနဲ့ အတူ လိုက်ခဲ့ပါ” လို့ ပြောလိုက်တယ်လို့ The Independent သတင်းကဖော်ပြပါတယ်။ 

တိုနီဘလဲကလည်း သူ့ကို အခုပြောတဲ့အကြောင်းအရာကို ပြောင်းပြီး ဆီးရီးယားကိစ္စ ပြောဖို့ တုံ့ပြန်လိုက် တယ်တဲ့။ 

ဒါနဲ့ မစ္စတာ Garcia လည်း တိုနီဘလဲနဲ့ ဆက်ပြီး အငြင်းအခုန်လုပ်ရာမှာ တိုနီဘလဲက သူ့အနေနဲ့ ဂါဆီယာ ထံမှာ နိုင်ငံသားတဦးရဲ့ ဖမ်းဆီးမှုကို လက်ခံသင့်သလားဆိုပြီး ပြန်ပြောကာ ဒီကိစ္စ အသေအချာဆွေးနွေး ဖို့ ပြန်ပြော လိုက်တယ်။ 

ဒါနဲ့ ဂါဆီယာလည်း ဆက်ပြီး မငြင်းသာတော့လို့ တိုနီဘလဲကို ဖမ်းဆီးရေး မအောင်မြင်လိုက်ပဲ သူလည်း ထွက်သွားခဲ့တယ်လို့ ဆိုတယ်။ 

ဂါဆီယာဟာ တိုနီဘလဲကို ဖမ်းဆီးဖို့ ၅ ယောက်မြောက် ကြိုစားသူ ဖြစ်တယ်လို့လည်း အဲဒီ့ သတင်းမှာ ဆိုပါတယ်။ 

မြန်မာပြည်မှာတော့ Citizen’s arrest ဆိုတာ ကြားတောင် မကြားဖူးသေးပါဘူး။ 

အခုလို နိုင်ငံ့ ခေါင်းဆောင်ဟောင်း တဦးကို သာမန် နိုင်ငံသားတဦးက ဖမ်းဆီးပိုင်ခွင့် ရှိတယ်ဆိုတာ
ကြောင့် မြန်မာနိုင်ငံမှာ Citizen’s arrest ဥပဒေမျိုး လွှတ်တော်ကြီးကနေ ဆွေးနွေးပြတာမျိုး ကြားဖူးချင် ပါတယ်။ 

တကယ်လို့ အဲဒီိလို ဥပဒေမျိုး မြန်မာနိုင်ငံမှာ ထွန်းကားခဲ့မယ်ဆိုရင် မြန်မာ ဂါဆီယာတွေ ဘယ်လောက် များလိုက်မလဲ တွေးမိရင်း ကျမလည်း ဒီပို့စ်လေးကို ရေးသား တင်ပြလိုက်တာပါ။ 

စိတ်ဝင်စားဖွယ် ဒီသတင်း အပြည့်အစုံကိုဖတ်ချင်ရင်တော့ ဒီနေရာက တဆင့် သွား၍ ဖတ်ကြည့်နိုင်ပါ တယ်။ 

အိမ့်သံစဉ် ~ 

Tony Blair: bar worker attempts citizen’s arrest on former PM at trendy Tramshed restaurant

A bar worker attempted a citizen’s arrest on Tony Blair while the former Prime Minister was enjoying a meal at a trendy London restaurant 

6:30AM GMT 21 Jan 2014
Tony Blair was subjected to an attempted citizen’s arrest while dining at a London restaurant, but he managed to placate the man by discussing the Syrian conflict.
The former prime minister was approached by Twiggy Garcia, a bar worker, during a meal with family and friends at the fashionable Shoreditch restaurant Tramshed.http://www.telegraph.co.uk/news/politics/labour/10585280/Tony-Blair-bar-worker-attempts-citizens-arrest-on-former-PM-at-trendy-Tramshed-restaurant.html

 

No comments:

Post a Comment