Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

အဆင့်မြင့်ပညာ ဥပဒေမူကြမ်း နည်းပညာကျောင်းသား တစ်သောင်းကျော် ကန့်ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲသော အဆင့်မြင့်ပညာ မူကြမ်းတွင် ကျောင်းသားကျောင်းသူ ၇၀၀ ကိုသာ အင်ဂျင်နီယာဘွဲ့ပေးမည် ဆိုသောကြောင့် ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် ကျောင်းလေးကျောင်းမှ ကျောင်းသား ကျောင်းသူ တစ်သောင်းတစ်ထောင့် ငါးရာကျော်က တစ်လအတွင်း လွှတ်တော်သို့ တင်သွင်းကန့်ကွက် သွားမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကိုယ်စား သန်လျင် နည်းပညာတက္ကသိုလ်မှ ကိုကျော်ဇင်ထက်က The Voice သို့ ပြောကြားသည်။

“နည်းပညာတက္ကသိုလ် ကျောင်းတစ်ကျောင်းမှာ ကျောင်းသား ကျောင်းသူက တစ်သောင်းနီးပါးလောက် ရှိတယ်။ အဲဒီထောင်ချီပြီးရှိတဲ့ ကျောင်းပေါင်း များစွာထဲကမှ ကျောင်းသား ၇၀၀ ကိုပဲ အင်ဂျင်နီယာ ဘွဲ့ရခွင့်ပေးမယ်ဆိုတော့ ကျောင်းသားတွေ တော်တော်များများ နစ်နာတာပေါ့” ဟု သန်လျင် နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသူ ကိုထူးအောင်က The Voice သို့ ပြောဆိုသည်။

ထို့ပြင် လက်ရှိ ကျောင်းသားများနှင့် တိုက်ရိုက် ပတ်သက်နေသော မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ် ဆွေးနွေးရာတွင် တာဝန်ရှိလူကြီးများ အနေနှင့် လူကြီးလူကောင်း ဆန်ဆန် ပွင့်လင်းမြင်သာမှု ရှိစွာ၊ တာဝန်ယူမှု ရှိစွာဖြင့် ကျောင်းသားများကို အရေးတယူ အသိပေး ဆောင်ရွက်ပေးရန် နည်းပညာ တက္ကသိုလ်ကျောင်းသားများက ထုတ်ပြန်ထားသည်။

“အဆင့်မြင့် ပညာကဏ္ဍမှာ နည်းပညာ ကျောင်းသားနဲ့ ကွန်ပျူတာ ကျောင်းသားများ၊ ဆရာဆရာမများမှ လွတ်လပ်စွာ အကြံပြုနိုင်ပါတယ်” ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော အဆင့်မြင့်ပညာ ကဏ္ဍဆွေးနွေးပွဲတွင် ပြောကြားသည်။

အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပြီး မည်သည့် အကြံပြုချက်ကိုမဆို ပညာရေး မြှင့်တင်မှု ကော်မတီရှိ လုပ်ငန်းအဖွဲ့ (Working Group) က လက်ခံသွားမည် ဖြစ်ကာ မည်သူမဆို ဝင်ရောက် အကြံပြုနိုင်ကြောင်း ဝန်ကြီးဌာနများက ဖိတ်ခေါ်ထားသည်။

The Voice Weekly


No comments:

Post a Comment