Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 7, 2014

ရင်သားကင်ဆာကုထုံးမှ ဘေးထွက်ဆိုးကျိုးများသက်သာစေရန် အပ်စိုက်ကုထုံးက ကူညီပေးနိုင်


လေ့လာမှုတစ်ခုအရ အပ်စိုက်ကုထုံးက ရင်သားကင်ဆာကုသမှုမှ အချို့သောကုထုံးများ၏ ဘေးထွက်ဆိုးကျိုးများအား သက်သာစေကြောင်း တွေ့ရှိခဲ့ကြသည်။ ရင်သား ကင်ဆာဝေဒနာရှင် အများစုတွင်  ၎င်းတို့၏သွေးတွင်းရှိ အီစထရိုဂျင်ပမာဏကို ထိန်းချုပ်နိုင်ရန်အတွက် aromatase inhibitor  အား သုံးစွဲရပြီး ၎င်း၏ ဘေးထွက်ဆိုးကျိုးအနေဖြင့်  ကြွက်သားများ၊ အဆစ်အမြစ်များ နာကျင်ခြင်း၊ အနီကွက်များ ထခြင်းတို့ဖြစ်တတ်လေသည်။ အမေရိကန်နိုင်ငံရှိ University of Maryland   မှ လေ့လာသူများက ရင်သားကင်ဆာဝေဒနာရှင်များမှ အထက်က ဝေဒနာခံစားနေရသူများအား  အပတ်စဉ် အပ်စိုက်ကုထုံးပေး၍ ရလဒ်အား စောင့်ကြည့်ခဲ့ရာ ဘေးထွက်ဆိုးကျိုးမရှိဘဲ လက္ခဏာများအား သက်သာစေကြောင်း တွေ့ ရှိခဲ့ကြသည်။ The National Institute for Care Excellence မှ လေ့လာသူများကလည်း အပ်စိုက်ကုထုံးအား ခါးနာခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အခြားသော အကြောင်းအမျိုးမျိုးကြောင့် နာကျင်မှုများအား သက်သာစေရန် သုံးနိုင်သည်ဟု ထင်မြင် ချက်ပေးခဲ့သည်။

ဖိုးသောကြာ
ref:Netdoctor.co.uk
Health Updates Journal

No comments:

Post a Comment