Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 16, 2014

ရွှေပေါ်မြတင် ဘ၀ပုံစံ နေထိုင်သည့် တရုတ်ဗိုလ်ချုပ် ဖမ်းဆီးခံရပြီ



ပေကျင်း ဇန်န၀ါရီ ၁၆
အဂတိတရား နဲ့ ညစ်ထေးလက်တွေအားလုံး ဖမ်းဆီးခံရမှာဖြစ်ပြီး ဥပဒေစည်းကမ်းတွေကို စက္ကူ ကျားတွေ စာခြောက်ရုပ်တွေ အဖြစ်မခံ နိုင်ကြောင်း သည့်အပြင် အဂတိလိုက်စားမှုတွေက ကွန်မြူနစ်ပါတီကို အမြစ်က ဖြိုချပစ်လိုက်နိုင်ကြောင်း တို့ကို တရုတ်သမ္မတ ရှီကျင့်ဖင်က နိုင်ငံပိုင် သတင်းဌာန မှ ယမန်နေ့က ပြောကြားပြီးနောက် ယနေ့ တရုတ် ဗိုလ်ချုပ်တစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။

တရုတ်စစ်ဘက် ထိပ်တန်းခေါင်းဆောင် တစ်ဦးအား ရွှေလှေ ၊ ရွှေလက်ဆေးဇလုံ ၊ ရွှေပိန်း ချ မော်စီ တုန်းရုပ်တု ၊ အိမ်ကြီးရခိုင် ဒါဇင်ပေါင်းများစွာ ၀ယ်ယူထားမှု နှင့် လာဘ်စားမှု တို့ကြောင့် တရုတ် တွင် ဖမ်းဆီးထိန်းသိမ်း လိုက်သည်။ ၄င်းမှာ ပြည်သူလွတ်မြောက်ရေး တပ်မတော်  ထာက် ပံ့ရေး ဒုအကြီးအကဲ ဗိုလ်ချုပ် ကူကျွန်းရှန် ဆိုသူဖြစ်ပြီး ရှန်ဟိုင်းမြို့တွင် ကန်ဒေါ်လာ သန်း ၃၃၀ တန် စစ်တပ်ပိုင် မြေကွက်တစ်ကွက်အား ၆ ရာခိုင်နှုန်း လာဘ်ယူ၍ ရောင်းချခဲ့သည် ဟု ဆိုသည် ။

သူနေထိုင်ရာ ဖုယန်မြို့တွင်လည်း ၄င်း၏ မိသားစုဝင်များသည် မြေယာများ သိမ်းပိုက်ရာတွင် နာမည်ကြီး ကာ အဆောက်အဦးဆောက်လုပ်ရေး လုပ်ငန်းများ လုပ်သည်ဟု စိုက်ရှင်း Caixin သတင်းစာက ဆိုသည်။

ပေကျင်းမြို့မှ "တားမြစ်န်းမြို့" The Forbidden City ပုံစံအတိုင်း ၄င်း၏ ကိုယ်ပိုင်အိမ်ကို ဆောက် လုပ်ထားသည်ဟုလည်း Caixin သတင်းစာက ဖော်ပြကာ ၂၀၀၆ ခုနှစ်ကလည်း သူ့ရှေ့တွင် ယင်းရာထူးမျိုးကို တာဝန်ထမ်းဆောင်သွားခဲ့ဖူးသူ ၀မ်ရှို့ယဲ့ လည်း ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားမှုဖြင့် စစ်ခုံရုံးမှ ဆိုင်းငံ့သေဒဏ် ကျခံခဲ့ရသည်။

တာဝန်ထမ်းဆောင်ပြီးနောက် ၁ နှစ်ကျော် ကာလတွင် သမ္မတ ရှီကျင့်ဖင်သည် အဂတိလိုက်စားမှု များကို တိုက်ဖျက်ရာတွင် လူသိရှင်ကြား ပြတ်သားတင်းမာလာခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

Ref : Chinese General Arrested For Gilded Lifestyle

LYT

Popular Myanmar News Journal
 ဗိုလ်ချုပ်ကြီးရဲ့ စံအိမ်တော်


Chinese general arrested for gilded lifestyle

Top officer had dozens of homes, a golden boat, gold statue of Mao and other items confiscated in corruption probe.

A top Chinese military officer was arrested for corruption after lining his pockets with kickbacks and buying dozens of homes, a gilded statue of Mao Zedong, and a "golden boat".
Gu Junshan, a former lieutenant general and deputy logistics chief with great influence within the People's Liberation Army, was arrested after an investigation into his personal affairs.
The Caixin magazine reported this week that the state confiscated possessions including the Mao statue and a mansion he built modelled on the Forbidden City in Beijing.
It alleged he took huge kickbacks through selling military-owned land. In Shanghai, Gu allegedly received a six percent kickback for a military plot that fetched more than $330 million, and in his hometown of Puyang, his family was known for land grabs and property developments, Caixin said.
Officials seized "a gold boat, a gold wash basin and a gold statue of Mao Zedong" along with "crates of expensive liquor" on the premises known by locals as the "General's Mansion", according to Caixin. 
Gu has not been seen since early 2012 and his name has been removed from the official Defense Ministry website. Last summer, Gong Fangbin, a professor at the PLA National Defense University, confirmed that Gu was under investigation saying the public was upset over the crimes of Gu and his predecessor. 
http://www.aljazeera.com/news/asia-pacific/2014/01/chinese-general-arrested-gilded-lifestyle-201411645321316898.html

No comments:

Post a Comment