Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 23, 2014

ပလိပ်အထည်စက်ရုံ ဝန်ထမ်း တစ်ရာကျော် မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ပေးမည်


မန္တလေး၊ ဇန်နဝါရီ ၂၂

စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ် ၂ အထည်စက်ရုံ (ပလိပ်)ကို ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲအပ်စဉ်က ယင်းစက်ရုံ ဝန်ထမ်း ၁၁၁ ဦးသည် အစိုးရဝန်ထမ်း အဖြစ် ဆက်လက် လုပ်ကိုင်လိုကြောင်း အဆိုပြုခဲ့ရာ အဆိုပါ ဝန်ထမ်း တစ်ရာကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်စေမည် ဖြစ်ကြောင်း ယင်းဌာန စက်ရုံတာဝန်ခံ ဦးစောလွင်က ပြောကြားသည်။

“ပြောင်းရွှေ့ခွင့် ညွှန်ကြားစာကို ၂၀ ရက်နေ့က ရပါတယ်။ အစိုးရဝန်ထမ်း အဖြစ် ဆက်လုပ်မယ်ဆိုပြီး အဆိုပြုထားတဲ့ အတွက် အခုလို ပြောင်းရွှေ့ ခံရတာပါ။ သံမဏိစက်ရုံမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ အလုပ်စ ဝင်ရပါမယ်” ဟု အဆိုပါ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ခံရသူ ဝန်ထမ်း တစ်ဦးက The Voice သို့ ပြောကြားသည်။

လက်ရှိ အဆိုပါ အမှတ် ၂ အထည် စက်ရုံ(ပလိပ်) စက်ရုံ ဝန်ထမ်း ၆၀၀ ဦးကျော် (အဆိုပြုထားသူ ၁၁၁ ဦးမပါ) သည် ဇန်နဝါရီလ ၁၆ ရက်နေ့ စတင်ကာ ဆန္ဒဖော်ထုတ်လျက်ရှိရာ ၂၀၁၅ ခုနှစ်အထိ အစိုးရဝန်ထမ်း အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခွင့် ရရှိရေး အချက်မှလွဲ၍ ကျန်တောင်းဆိုချက် ၁၂ ချက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်နေသူများ ထံမှ သိရှိရသည်။

ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုနေမှုများ ပြုလုပ်နေစဉ်အတွင်း အစိုးရဝန်ထမ်း အဖြစ် ဆက်လက် လုပ်ကိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလကပင် အဆိုပြုထားသူ ဝန်ထမ်း ၁၁၁ ဦးကိုသာ စက်မှုဝန်ကြီး ဌာနအောက်ရှိ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း ယင်းစက်ရုံ တာဝန်ရှိသူထံမှ သိရှိရသည်။

The Voice Weekly --------------------------------------------------------------------------------------------------------
အောက်မှ Follow ကိုနှိပ်ထားရုံဖြင့် facebook သုံးရင်း သတင်းများကို ဖတ်နိုင်ပါမည်။
(သတိပြုရန် - Follow ပေါ်တွင် အမှန်ခြစ်ရှိနေပါက မနှိပ်ရပါ။)

No comments:

Post a Comment