Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 14, 2014

ကော်စတာရီကာ ကမ်းခြေတွင် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည့် ဂီဆီလီဘန်ချန်



 အသက်(၃၃)နှစ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန် က ကော်စတာရီကာတွင် ရေကူးဝတ်စုံဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံရင်း သူမ၏ ပြေပြစ်လှပလွန်းသည့် ခန္ဓာကိုယ် အချိုးအစားကို ဂုဏ်ယူစွာ ပြသခဲ့သည်။

ဂီဆီလီ ဘန်ချန်တစ်ယောက် သူမ၏ မော်ဒယ်လ်အလုပ် ဓာတ်ပုံရိုက်ကွင်းများအတွက် ကော်စတာရီကာသို့ ခြေဆန့် ရောက်ရှိနေပြီ ဖြစ်သည်။ အသက်(၃၃)နှစ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကော်စတာရီကာတွင် ရေကူးဝတ်စုံဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံရင်း သူမ၏ ပြေပြစ်လှပလွန်းသည့် ခန္ဓာကိုယ် အချိုးအစားကို ဂုဏ်ယူစွာ ပြသခဲ့သည်။ သူမသည် ပင်လယ်သမုဒ္ဒရာကို နောက်ခံထား ကာ ကျောက်ဆောင်ကျောက်တုံးများ အထက်၌ ဓာတ်ပုံအရိုက်ခံခဲ့ခြင်း ဖြစ်သည်။ ရိုက်ကွင်းတွင် လှိုင်းရိုက်ခတ်မှု လျော့နည်းနေခြင်းကြောင့် ကင်မရာ အဖွဲ့သား အချို့က သူမ၏ နောက်ဘက်တွင် ကျောက်တုံးများကို ရေဖြင့်ပက်ပြီး လှိုင်းများလာရိုက်၍ ရေစက်များ လွင့်စင်လာသည့်နှယ် အတုအပ ဖန်တီးယူနေသည်ကိုလည်း တွေ့ရသည်။


ဂီဆီလီသည် အဖြူရောင် ရေကူးဝတ်စုံနှင့် လိုက်ဖက်နေပြီး သူမဘေးတွင် ကင်မရာ အဖွဲ့သားများ ဝိုင်းဝိုင်းလည်ကာ အလုပ်ရှုပ်နေကြသည်။ ယင်းကြော်ငြာ အစီအစဉ်သည် မည်သည့်အတွက် ရည်စူးသည် ဆိုခြင်းကိုမူ တိတိကျကျ မသိရသေးချေ။ ကျန်းမာလှပသည့် အသားအရေကြောင့် နာမည်ကြီးသည့် ဂီဆီလီသည် ကော်စတာရီကာသို့ သမီးငယ် ဗီဗီယန်ကိုလည်း ခေါ်ဆောင်သွားခဲ့သည်။ သူမသည် အားလပ်ချိန်တွင် (၁)နှစ်အရွယ် သမီးလေးကို လက်တစ်ဖက်မှ ပွေ့ပိုက်ကာ ကမ်းခြေတစ်လျှောက်တွင် လေးဘီးယက် ဆိုင်ကယ်စီးရင်း လည်ပတ်နေသည်ကိုလည်း တွေ့ရကြောင်း ဒေသခံများက ပြောကြားခဲ့ကြသည်။
Planet Myanmar Network 

Beach babe Gisele Bundchen displays her flawless figure in skimpy bikinis as she poses in the surf during Costa Rica shoot

By Daily Mail Reporter

She has been modelling for well over a decade.

And Gisele Bundchen proves once again that she is still on top of her game.

The 33-year-old displayed her flawless figure in a series of bikinis during a beachside photoshoot in Costa Rica on Sunday.
The mother-of-two showed off her slender body as she stood on a rocky outcrop against an ocean backdrop.

In one shot, the supermodel wore a white bandeau two-piece as she arched her back and ran her hands through her hair.

Crew were seen in the background pouring buckets of water in an effort to re-create the surf splashing against the rocks.



 

No comments:

Post a Comment