Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 8, 2014

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာမှာ တည်းခိုခွင့် မရ


ဒေါ်အောင်ဆန်းစုကြည် တည်းခိုလျှက်ရှိသည့် ဟားခါး ချယ်ရီတည်းခိုခန်း။ ဓါတ်ပုံ - ကိုစစ်ငြိမ်းအောင် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီည အနားယူဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စုရိပ်သာမှာ တည်းခိုခွင့် မရဘူးလို့ သိရပါတယ်။

သတင်းယူဖို့ လိုက်ပါသွားတဲ့ သတင်းထောက်အားလုံးလည်း တည်းခိုခန်း မရကြဘူးလို့ အာအက်ဖ်အေ သတင်းထောက်က ပြောပါတယ်။ ဒါကြောင့် သတင်းထောက်တွေဟာ မြို့ခံတွေကူညီမှု နဲ့ အစုလိုက် တည်းခိုနေကြတယ်လို့လည်း သိရပါတယ်။ ဟားခါးမြို့မှာ အအေးအလွန်ကဲနေတဲ့ အချိန်လည်း ဖြစ်တာကြောင့် အတော်အခက်အခဲ ဖြစ်ရတယ်လို့  အာအက်ဖ်အေ ဖေ့ဘုတ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဟားခါး ပြည်ထောင်စုရိပ်သာမှာ တည်းခိုခွင့် မရပေမယ့် ချင်းပြည်နယ်ရဲ့  မြို့တော် ဟားခါး ရှိ သစ်သားပျဉ်ထောင် တည်းခိုခန်း တစ်ခုဖြစ်တဲ့ ချယ်ရီတည်းခိုခန်းလေးမှာ ညအိပ်ရပ်နားလျှက်ရှိကြောင်း သိရပါတယ်။

ဟားခါးမြို့ မရောက်ခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ချင်းပြည်နယ် ဖလမ်းမြို့ ခရီးစဉ်မှာ ကလေးငယ်များ နဲ့ အပြန်အလှန်သီချင်းဆိုပြခဲ့ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က သူမ ၏ ပါတီဝင်များ နဲ့ အတူ " ခွန်အားဖြည့်မိငယ် " သီချင်းကို သီဆို ပြခဲ့ပါတယ်။ ချင်းတွင်းကိုကို ရိုက်ကူးတင်ဆက်ထားပါတယ်။

BY THIT HTOO LWIN

No comments:

Post a Comment