Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

မောင်တောမြို့တွင် ရဲများကို တိုက်ခိုက်သူသည် ရိုဟင်ဂျာအဖွဲ့အစည်း၏ သင်တန်းသားဟုဆို

download
ရန်ကုန်၊ မဇ္ဈိမ ။         ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားရွာတွင် ဇန်နဝါရီလ ၁၄ ရက်က ဒေသခံ ဘင်္ဂလီများနှင့်
မောင်တောရဲများအကြား ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ရဲတပ်ဖွဲ့ဝင်များအား စတင် တိုက်ခိုက်ရန် ဦးဆောင်သူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တွင် သင်တန်းတက်ခဲ့သော ကေဖိုက်ဒူလာ
ဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်သံမီဒီယာ (MRTV)၏ ဇန်နဝါရီလ ၂၂ ရက် ည ၉ နာရီသတင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ကြေငြာလိုက်သည်။
RSOတွင် သင်တန်းတက်ခဲ့သည့် ကေဖိုက်ဒူလာ ဆိုသူသည် ပဋိပက္ခ မဖြစ်ပွားမီ ၁ဝ ရက်ခန့်ကမှ ဒုချီးရားတန်းကျေးရွာသို့
ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏ သူငယ်ချင်း ငါးဦးခန့်နှင့်အတူ သေနတ်ပုံစံတူ တုတ်များပြုလုပ်ခဲ့ပြီး ပစ်ခတ်တတ်ရန် သင်ပေးခဲ့သည်ဟု ဆိုသည်။
အခင်းဖြစ်ပွားချိန်တွင် ကေဖိုက်ဒူလာနှင့်အတူ ဘင်္ဂလီ ၁၈ ဦး ပါဝင်ပြီး လက်ရှိတွင် ၁၁ဦးသည် တစ်ဖက်နိုင်ငံ၌ တိမ်းရှောင်
နေပြီး RSO ၏ အကူအညီ အထောက်အပံ့ ရရှိရန် ကြိုးပမ်းနေသည်ဟုလည်း နိုင်ငံပိုင် ရုပ်သံမီဒီယာက ကြေငြာခဲ့သည်။
ထိုသို့ သတင်းထုတ်ပြန်ကြေငြာခြင်းအပေါ် ဗြိတိန်နိုင်ငံအခြေစိုက် Burmese Rohingya Organisation UK က ကိုထွန်းခင် က “အဲဒါက လုံးဝအခြေအမြစ်မရှိ ထုတ်ပြန်မှုဖြစ်တယ်။ ရဲတွေက ရိုဟင်ဂျာရွာထဲကို ဝင်လာပြီး ကလေးမိန်းမမရွေး သေနတ်နဲ့ ပစ်တယ်။ အဲဒီ့မှာ ချက်ချင်းပဲ ၆ ယောက်၊ ၇ ယောက်လောက်သေတယ်။ ပြီးတော့ ရွာထဲက ရိုဟင်ဂျာ ယောင်္ကျားလေးတွေကို ဖမ်းဆီးတယ်။ ၁ဝဝ ကျော်ကျော်လောက်က အသတ်ခံလိုက်ရတယ်လို့ ကျွန်တော်တို့ကြားတယ်။ သေချာတော့ Comfirm (အတည်ပြုချက်) မလုပ်ရသေးဘူး။ အဲဒါကို ကျွန်တော်တို့က နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒီဟာကို စုံစမ်းဖို့ တောင်းဆိုနေခြင်း ဖြစ်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။
ဇန်နဝါရီလ ၁၄ရက်က အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် မောင်တောမြို့နယ်၊ ခရေမြိုင် ရဲကင်းစခန်းက ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်းသည် ဘင်္ဂလီ လူအုပ်ကြားထဲတွင် လူစုကွဲကာ ကျန်နေခဲ့ပြီး ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။
ဒုချီးရားတန်းရွာတွင် ဖြစ်စဉ်နှင့် ပတ်သက်၍ မသင်္ကာသူများကို စိစစ်ဖော်ထုတ်ခဲ့ရာ ဇန်နဝါရီလ ၁၅ရက်တွင် ၉ဦး၊ ၁၇ရက်တွင် ၆ဦးနှင့် ၁၈ရက်တွင် ၁ဦးကို ခေါ်ယူမေးမြန်း စစ်ဆေးဆဲဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယင်းကဲ့သို့ ဇန်နဝါရီ ၁၄ရက်က ဖြစ်ပွားခဲ့ခြင်းကို ပြည်ပမီဒီယာအချို့က အကြမ်းဖက်မှုများကြောင့် အရပ်သားအချို့ သေဆုံးခဲ့ သည် ဆိုဟု ရေးသားခဲ့ကြပြီး APသတင်းဌာနက “သေဆုံးသူ ငါးဦးမှ ဆယ်ဦး အတွင်းသာ ရှိသည်ဟု အချို့သတင်းရပ်ကွက် များက ဆိုကြသော်လည်း၊ မောင်တောမြို့ အုပ်ချုပ်ရေး အဖွဲ့တွင် အလုပ်လုပ်နေသူ တစ်ဦးကမူ သေဆုံးသူ ၄ဝ ဦးခန့် ရှိပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆလျက် ရှိကြသည်”ဟု ရေးသားခဲ့
ခြင်းသည် မမှန်ကန်ကြောင်း ဇန်နဝါရီလ ၁၈ရက်က ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သေးသည်။
ထို့သို့ သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂ လူသားခြင်း စာနာထောက်ထား မှု အကူအညီပေးရေးရုံး (UNOCHA )နှင့်အတူ အစိုးရတာဝန်ရှိသူများက မောင်တောမြို့နယ်သို့ ဇန်နဝါရီလ ၂၂ရက်က သွားရောက်ခဲ့သည်ဟု MRTVက ကြေငြာခဲ့သည်။
Credit: Mizzima

No comments:

Post a Comment