Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင် သေနတ်ပစ် အနုကြမ်းစီးခံရ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


မန္တလေး၊ ဇန်န၀ါရီ ၂၁

ယနေ့ နေ့လယ် ၂နာရီခန့်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်၊ ပတ္တမြားဈေးအတွင်းရှိ ရွှေဆိုင်နှစ်ဆိုင်
သေနတ်ပစ်ခက် အနုကြမ်း စီးခံ ရပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း မိုးကုတ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ လူခြောက်ဦးခန့်မှ ဆိုင်ကယ်သုံးစီးဖြင်လာရောက်ခဲ့ပြီး ဆိုင်ကယ်အား ဈေးအပြင်တစ်နေ ရာတွင် ထားကာ ဈေးအတွင်းရှိ နဂါးရွှေဆိုင်သို့ သေတနတ်ဖြင့် ပစ်ခက်ခြိမ်းခြောက်ကာ အသင့်ပါလာသော တူ ဖြင့် ရွှေထည့်ထားသော မှန်ကောင်တာများအား ရိုက်ခွဲကြောင်း အသင့်ပါလာသော အိတ်ထဲသို့ ထဲ့ခဲ့ပြီး မျက်နှာချင်း ဆိုင် ဖြစ်သည့် မီလျှံ ရွှေဆိုင်မှာ မှန်ကောင်တာများအား အလားတူရိုက်ခွဲကာ အိတ်ထဲသို့ ထည့်ခဲ့ကြောင်း ထို့ နောက် ပြန်အထွက်တွင် သေနတ်ဖြင့် ရမ်းသန်ဒပစ်ခက်သောကြောင့် ၀န်ထမ်း အသက်လေးဆယ် ခန့် အမျိုးသားတစ်ဦး၏
ရင်အုံသို့ ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မီလျှံရွှေဆိုင်ပိုင်ရှင်၏ သမက်မှာ ပေါင်ခြံသို့ ထိမှန်၍ မိုးကုတ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း မိုးကုတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် နိုင်ဝင်းက ပြောသည်။

ဖိုးလပြည့်

Popular Myanmar News Journal



ဓါတ်ပုံ - MOI Webportal Myanmar မိုးကုတ်မြို့တွင် ဓါးပြတိုက်မှုဖြစ်ပွား
နေပြည်တော် ဇန်နဝါရီ ၂၁

မိုးကုတ်မြို့၊ ပတ္တမြားဈေးရှိ မီလီယံရွှေဆိုင်နှင့် နဂါးရွှေဆိုင်တို့အား ယနေ့မွန်းလွဲ (၁၃း၄၅)နာရီတွင် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါသည်။

ခန့်မှန်းဓါးပြဦးရေ (၆)ဦးမှ (၁၀)ဦးခန့်ရှိသည်ဟု သိရပါသည်။ ယင်းတို့ပါသော လက်နက်ဖြင့် ပစ်ခတ်မှုကြောင့် လူ(၂)ဦးထိမှန်ပြီး (၁)ဦးသေဆုံးကာ ကျန်တစ်ဦးအား ပြည်သူ့ဆေးရုံတွင် တင်ထားရပါသည်။ မစိုးရိမ်ရသော အခြေအနေဖြစ်ပါသည်။

ပါရှိသွားသော ပစ္စည်းတန်ဖိုးများကို တွက်ချက်ဆဲဖြစ်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ကနဦးသတင်း တင်ပြအပ်ပါသည်။

ထပ်မံရရှိသော သတင်းများကို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။

--------------------------------------------------------------------------------------

မိုးကုတ်မြို့ ပတ္တမြားဈေးတွင် လုယက်မှုဖြစ်ပွားသည့် နောက်ဆက်တွဲသတင်း
===============
မိုးကုတ် ဇန်န၀ါရီ ၂၁

ယနေ့နေ့လည် (၁၃း၄၅) အချိန်ခန့်တွင် မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် တို့အားလုယက်မှု တစ်ချိန် တည်းဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာဓါးပြ (၇) ခန့်က သေနတ် (၂)လက်ဖြင့် လည်းကောင်းရွှေဆိုင် (၂) ဆိုင် အားတစ်ပြိုင်နက် တည်း ၀င်ရောက်လုယက်ခဲ့သည်။

ထိုသို့ဖြစ်ပွာစဉ် သေနတ်ဖြင့် ပစ်ခတ်ရာဦးဒမ်းဗဟာဒူုး (၅၃) နှစ် နှင့် မောင်ပြည့်ကျော် (၂၆) နှစ်တို့ မှာဒဏ်ရာများရရှိခဲ့ပြီးဦးဒမ်းဗဟာဒူး သည် ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် သေဆုံးသွားခဲ့သည်။ နဂါးရွှေဆိုင်မှ ရွှေပိဿာချိန် (၄)ပိဿာနှင့် အပေါင် ခံပစ္စည်းသိန်း (၅၀၀)ဖိုး၊ မီလျံရွှေဆိုင်မှ ရွှေ (၂)ပိဿာတို့ကိုလုယက်ပြီး CZI ဆိုင်ကယ် (၃) စီးဖြင့် သေနတ်ပြစ် ဖောက်ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar


No comments:

Post a Comment