Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက အမျိုးသမီးအရာရှိ တစ်ဦးအား ခြေထောက်ဖြင့်ကန်


ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင် ရတနာပုံတက္ကသိုလ် သို့လာရောက်ကြည့်ရူ့စစ်ဆေးစဉ်ရှင်းလင်တင်ပြနေသော ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး
  ၂-၁-၂၀၁၄ ရက်နေ့ ရုံးဆင်းပြီးချိန် ညနေ ၅း၃၀ အချိန်ခန့်က ရတနာပုံတက္ကသိုလ် ပင်မဆောင် မြေညီထပ် လှေကားအနီးတွင် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက အင်ဂျင်နီယာမှူး ဒေါ်ခင်ခင်ထွေးဆိုသူအား ခြေထောက်ဖြင့်ကန်ကျောက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စာကြည့်တိုက်တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုအပြီးတွင် ယခုကဲ့သို့ ခြေထောက်ဖြင့်ကန်ခဲ့ခြင်းဖြစ်တယ်လို့ ၄င်းတို့နှင့် မလှမ်းမကမ်းမှ မြင်လိုက်ရသော အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက ဆိုပါတယ်။ ၄င်းဖြစ်စဉ် ၏ အနီးအနားတွင်လည်း ၀န်ထမ်း (၄)ဦးခန့် မျက်မြင်သက်သေများရှိတယ်လို့ ၄င်းက ဆက်လက်ပြောပါတယ်။ ခြေထောက်ဖြင့် ကန်ရခြင်း၏ အဓိက အကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး။ အင်ဂျင်နီယာမှူး ဒေါ်ခင်ခင်ထွေး ဆိုသူသည် ခြေထောက်ဖြင့် အကန်ခံရသဖြင့် နာလဲနာ ၀န်ထမ်းများရှေ့မှာ ကန်လိုက်သဖြင့် ရှက်လဲရှက်ပြီး ငို၍ ရုံးမှ ပြန်သွားသည်ဟု သိရှိရပါသည်။ ဒေါ်ခင်ခင်ထွေးဟာ မိန်းမသားလည်းဖြစ်တယ်၊ အရာရှိတစ်ဦးလည်းဖြစ်တယ်၊ လုပ်ငန်းနဲ့ပတ်သက်လို့ အမှားအယွင်းရှိတယ်ဆိုရင် ဘောင်အတွင်းက သတိပေးလို့ရတယ်၊ အရေးယူလို့ရတယ်၊ ခြေထောက်နဲ့ ကန်တယ်ဆိုတာ လုံးဝ မဖြစ်သင့်ပါဘူး။ ဒါဟာ ပါမောက္ခချုပ်တစ်ဦး လုပ်ရမဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ပါမောက္ခချုပ် အရည်အချင်းနဲ့လဲ မကိုက်ညီပါဘူးဟု ဆရာတစ်ဦးက သုံးသပ်ပါ တယ်။ ဒီကိစ္စနှင့်ပတ်သက်လို့ ခြေထောက်ဖြင့် အကန်ခံရသူ ကာကယံရှင် ဒေါ်ခင်ခင်ထွေးက ပါမောက္ခချုပ် အပေါ် တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိခဲ့ဘူးဆိုရင် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရိုးသားပွင့်လင်းမှု အားနည်းနေ တယ်လို့ ၀န်ထမ်းထုက ထင်မြင်ယူဆကြပါတယ်။ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးဟာ ယခင်ကလည်း အောက်ခြေ၀န်ထမ်း တစ်ဦး၏ တင်ပါးကို ခြေထောက်ဖြင့် ကန်ခဲ့သေးတဲ့အပြင် ၀န်ထမ်းများအပေါ် ဆဲရေးတိုင်းထွာမှုများလည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ၃-၁-၂၀၁၄ ရက်နေ့တွင် အင်ဂျင်နီယာမှူး ဒေါ်ခင်ခင်ထွေးသည် ခြေထောက် နာနေ၍ ရုံးမတက်ရောက်နိုင်သဖြင့် ခွင့်(၁)ရက် ယူထားကြောင်း သိရှိရပါသည်။

by Chan Chan Tone Tone မန္တလေး သတင်း ပုံရိပ်များ

No comments:

Post a Comment