Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

ရည်းစားထားသည်ကို အဒေါ်ဖြစ်သူမှ ဆူပူသွန်သင်ပြောဆိုခဲ့သဖြင့် မိန်းကလေးငယ်တစ်ဦး အဆိပ်သောက်သေဆုံး

ရန်ကုန်၊ ဇန်န၀ါရီ ၂၁

၂၀.၁.၂၀၁၄ ရက်နေ့ ၂၀၁၅ အချိန် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လက်ခုပ်ကုန်းတိုက်နယ်ဆေးရုံတွင် အဆိပ်သောက်ခဲ့သဖြင့် မိန်းကလေးငယ်တစ်ဦး ဗိုက်အောင့်၊မူးဝေကာ
ရောက်ရှိကုသနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ ကွမ်းခြံကုန်းမြို့နယ်နေ န၀မတန်းကျောင်းသူ မ----၊ (၁၄)နှစ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ၎င်းမှာ ၂၁.၁. ၂၀၁၄ရက်နေ့ ၀၅၃၀ အချိန်တွင်
သေဆုံးသွားခဲ့ပါသည်။

ထိုကဲ့သို့ အဆိပ်သောက်သေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာ
သေဆုံးသူမှာ ၎င်းရည်းစားထားသည့်ကိစ္စအား အဒေါ်ဖြစ်သူမှ ဆူပူသွန်သင်ပြောဆိုသည်ကို စိတ်ဆိုးကာ နေအိမ်အိပ်ခန်းအတွင်း၌ ပိုးသတ်ဆေးသောက်ခဲ့သဖြင့် သေဆုံးခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုအား လက်ခုပ်ကုန်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ဖြင့်ရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


မြ၀တီ

No comments:

Post a Comment