Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

ပုပ်ရဟန်းမင်းကြီးကို ကက်သလစ်ဘာသာ နှစ် ၅ဝဝပြည့်အတွက် မြန်မာ ပင့်ဖိတ်ထား

မြန်မာနိုင်ငံကို ကက်သလစ်ဘာသာဝင်တွေ ရောက်ရှိတာ နှစ် ၅ဝဝပြည့်အထိမ်းအမှတ် လာမယ့် နိုဝင်ဘာမှာ ကျင်းပတဲ့အခါ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဖိတ်ကြားထားတယ်လို့ မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်က ဇန်နဝါရီ ၁၇ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘရင်ဂျီလို့ခေါ်တဲ့ ခရစ်ယာန် ကက်သလစ်ဘာသာဝင် ပေါ်တူဂီတွေ၊ ကြေးစားစစ်သားတွေ၊ Missionary တွေဟာ ၁၅၁၁ခုနှစ်မှာ စတင်ရောက်ရှိခဲ့တာဖြစ်ပြီး အတိတ်ကို ကျေးဇူးဆပ်ခြင်း၊ ပစ္စုပ္ပန်မှာ ဇွဲလုံလနဲ့ သာသနာ့အကျိုး ထမ်းဆောင်လိုခြင်းနဲ့ အနာဂတ်အတွက် မျှော်လင့်အားထားမှုတွေနဲ့ ကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂ဝ၁၄ နိုဝင်ဘာ ၂၁ရက်ကနေ ၂၃ရက်နေ့အထိ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက စိန့်မေရီဘုရားကျောင်းမှာ သာသနာရောက်ရှိခြင်း နှစ် ၅ဝဝပြည့်ကို ၃ရက်ကြာ ကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၁၁မှာ အကြောင်းကြောင်းကြောင့် မကျင်းပနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
Kamayut Media

No comments:

Post a Comment