Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

ကူပွန်သုံးပြီး ငွေချွေတာတဲ့ အမေရိကန်မိခင်တစ်ဦး


အမေရိကန်နိုင်ငံက မိခင်တစ်ယောက်ဟာ ကူပွန်တွေအသုံးပြုပြီး မိသားစုငါးယောက်ကို တလဒေါ်လာ ၁၅၀လောက်နဲ့ ကျွေးမွေးနိုင်အောင်လုပ်ဆောင်ခဲ့ပါတယ်။
မစ်ရှ်ရှဲဟာဆက်ကရာမင်တိုမှာနေတဲ့မိခင်တစ်ယောက်ပါ။ သူကအချိန်ပြည့်အလုပ်ကိုလုပ်နေရတော့ 
အလုပ်ကိုရထားစီးပြီးသွားတဲ့လမ်းမှာ ကူပွန်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မစ်ရှဲလ်က "ဒါမှ မိသားစုနဲ့ နေဖို့  အချိန်ပိုရမယ်လေ။ ကျမကတနေ့ ကို ၁၃နာရီလောက်အိမ်မှာမရှိ ဘူး။ ကလေးတွေနဲ့ ကတနေ့ နာရီဝက်လောက်ပဲတွေ့ ချိန်ရှိတယ်။ ဒါကြောင့် ကျမ ရထားပေါ်မှာပဲ ဒီကူပွန်ဖြတ်တယ်။ရထားပေါ်မှာ ကူပွန်တွေကိုဖြတ်တော့လူတွေက ကျမကိုကြည့်ကြတယ်။ဒါပေမယ့် ကျမလုပ်စရာရှိတာကိုလုပ်တာပါပဲ။"

ပြီးခဲ့တဲ့ခြောက်နှစ်မှာ အစားအစာ၊အိမ်သာသုံးပစ္စည်း၊အိမ်အသုံးအဆောင်စတာတွေကိုကူပွန်သုံးပြီး ၀ယ်ခဲ့တာ  ဒေါ်လာလေးသောင်းခွဲလောက်သက်သာတယ်လို့ မစ်ရှဲလ်ကဆိုပါတယ်။တခါတလေ ပစ္စည်းအလကားရယုံမက ပိုက်ဆံတောင်ရပါသေးတယ်တဲ့။

ပြီးခဲ့တဲ့တခေါက်Wal Mart သွားတာဆိုရင်ဒေါ်လာ၂၁၅ ဒေါ်လာတောင်ရခဲ့ပါသေး တယ်တဲ့။ဒီလိုရလာ ရင်တော့ တချို့ ကိုသူကပြန်လှူဒါန်းပစ်ပါတယ်။

သူကအခုဆို ကူပွန်ကိုဘယ်လိုဖြတ်ရမလဲဆိုတာသင်တန်းတောင်ဖွင့်ထားပါတယ်တဲ့။ဖေ့ဘွတ်မှာလည်း ကူပွန်ကိုဘယ်လိုဖြတ်ရမယ်။ဆောင်ရန်ရှောင်ရန်လေးတွေဆွေးနွေးတိုင်ပင်ဖို့  အဖွဲ့ လေးတစ်ခုလုပ်ထားပါတယ်။ ဒီမှာကလစ်https://www.facebook.com/groups/CoastToCoastCoupons/ ပြီးသွားရောက်လေ့လာနိုင်ပါတယ်။
the melting pot 4 U

 


Source

No comments:

Post a Comment