Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇာဂနာ ကြေးမုံသတင်းစာမှာ ဆင်ဆာထိ

မြန်မာနိုင်ငံစာပေလောကမှာ မကြာသေးခင်ကပဲ စာပေကင်ပေတိုင် ဆင်ဆာ ဘုတ်အဖွဲ့ကြီး မရှိတော့ဘူး ဆိုတော့ စာပေလောကသားတွေအတွက် အတော်ဝမ်းမြောက်စရာဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇာဂနာတို့ ကြေးမုံသတင်းစာမှာ ဆင်ဆာထိသွားတော့ ဒါဟာ ဝမ်းမြောက်စရာဟုတ်ရဲ့လားလို့ မေးရ မလိုပါ။ 

 ဓာတ်ပုံ- ပဲတင်သံ ဂျာနယ်ဖေ့စ်ဘုတ်

ဒီကနေ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ပဲတင်သံ ဂျာနယ်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက ဓာတ်ပုံတပုံနဲ့ ပို့စ်တခု က အသက်ဆက်ရှင်နေသေးတဲ့ စာပေကင်ပေတိုင် ဆင်ဆာထိသွားတာမို့ အတော်စိတ်ဝင်စားစရာဖြစ်သွား ခဲ့တာပါ။
“မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်ကို ယနေ့ထုတ် ကြေးမုံသတင်းစာပါ ပဲ့တင်သံဂျာနယ်၏ ကြော်ငြာ ကို ကြည့်ခြင်း အားဖြင့် အကဲဖြတ်နိုင်ပါမည်” လို့ ပဲ့တင်သံဂျာနယ်က ဂျာနယ်ကြော်ငြာမူရင်းနဲ့ နိုင်ငံပိုင် 
ကြေးမုံသတင်းစာပါ ဂျာနယ်ကြော်ငြာကို နှိုင်းယှဉ်ဖော်ပြလာခဲ့ပါတယ်။ 

သေချာ ကြည့်လိုက်တော့မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်သမျှ ဒီမိုကရေစီ မရနိုင် ဆိုတဲ့ စားသားနဲ့ ဇာဂနာရဲ့ မှတ်ချက်စကားတွေကို ဆင်ဆာထိသွားခဲ့တယ်ဆိုတာ အထင်အရှားတွေ့နိုင်ပါလိမ့်မယ်။ 

ဒါဆိုရင် ပြုပြင်ပြောင်းလဲရေးတွေနဲ့ နိုင်ငံတကာအလယ်မှာ မြန်မာဟေ့ ဆိုပြီး ပြန်ဦးမော့ဖို့ ကြိုးစားနေချိန်
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကလို ဒေါ်အောင်ဆန်းစုကြည်တို့၊ ဇာဂနာတို့ စတဲ့ နိုင်ငံရေးအရ အမြင်ကွဲလွဲ သူတွေရဲ့ အမည်နာမ၊ စကားလုံးတွေကို ဆင်ဆာလုပ်တဲ့ အရှိန်က အခုထိ ဆက်ရှိနေသေးတယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ 

အလားတူ ဖြစ်ရပ်မျိုးတွေ ဘယ်လောက်တောင် ရှိနေသေးတယ်ဆိုတာ မပြောတတ်အောင်ပါဘဲ။ လွတ်လပ်ပွင့်လင်းတဲ့ လူ့ဘောင်ကို သွားတဲ့နေရာမှာ အခုလို တားဆီးပိတ်ပင်မှုတွေက ဆက်ရှိနေသေးတာ ဟာ ရှေ့ဆက်သွားမယ့် ခရီးအတွက် ဆူးညှောင့် ခလုတ်လိုဖြစ်နေတာပါ။ 


အိမ့်သံစဉ် ~


No comments:

Post a Comment