Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 20, 2014

အရက်သမားအတွေး

လူတစ်ယောက်ဟာ အရက်စွဲနေပြီး ညနေတိုင်းဝီစကီသောက်လေ့ရှိ သတဲ့။  နှစ်တွေအများကြီးကြာလာတဲ့အခါ ဇနီးဖြစ်သူက သူ့ ကိုအရက်ဖြတ်စေချင်တော့ အကြံတစ်ခုရတာနဲ့ ရေအပြည့်ဖြည့်ထားတဲ့ခွက်တခွက်နဲ့ ဝီစကီထည့်ထားတဲ့ခွက်တခွက် ကိုစားပွဲပေါ်တင်ထားလိုက်ပါတယ်။
ညနေပုံမှန်အရက်သောက်ချိန်ရောက်ချိန်ရောက်တော့ မိန်းမဖြစ်သူက စားပွဲရှိရာကိုယောက်ျားကိုခေါ်သွားပါတယ်။
 နောက်တော့ ငါးမြှားတဲ့အိတ်ထဲကတီကောင်တစ်ကောင် ကိုထုတ်ပြီး ရေဖြည့်ထား တဲ့ခွက်ထဲထည့်လိုက်ပါတယ်။တီကောင်ကရေ ထဲမှာရေကူးနေတာပေါ့။
နောက်ထပ်တစ်ကောင်ကို ၀ီစကီခွက်ထဲထည့်လိုက်ပါတယ်။တီကောင်ဟာချက်ခြင်းပဲသေသွားပါတယ်။

မိန်းမက သူ့ ယောက်ျားကို"ဒါကို ကျမရှင့်ကို မြင်စေချင်တာ။အခု ၀ီစကီထဲထည့်တဲ့တီကောင်ကသေသွားပြီးရေထဲမှာတော့မသေဘူးဆိုတာရှင်တွေ့ ပြီမဟုတ်လား။ ကဲ..ဒီလက်တွေ့ စမ်းသပ်မှုကို ရှင်ဘာပြောချင်သလဲ"
အရက်သမားယောက်ျားကသူ့ မိန်းမကို ချက်ခြင်းတုန့် ပြန်လိုက်ပုံက
" မိန်းမရာ၊၀ီစကီခွက်ကိုသောက် လိုက်ရင် ငါ့ဗိုက်ထဲတီကောင်အရှင်ကြီးဝင်မသွားဘူးပေါ့ကွာ" တဲ့။ 
Joke _ the melting pot 4 U

No comments:

Post a Comment