Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 12, 2014

ပထွေးမှ မယားပါသမီးအား သားမယားပြုကျင့်


ပဲခူးမြို့နယ်၊ ဇောင်းတူနယ်မြေ ရဲစခန်းအပိုင်တွင်(၁၁.၁.၂၀၁၄)နေ့ ညနေ(၃း၀၀)အချိန်ခန့်က ပထွေးဖြစ်သူမှ မယားပါ သမီးအား သားမယား အဖြစ် ပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ မ၀ါဝါခင်(ခ)ကုလားမ(၁၃)နှစ်၊ (ဘ)ဦးခင်မောင်မြင့်၊ ဗမာ/ဗုဒ္ဓ၊ ကျဘန်း၊ နတ်စက်ကျေးရွာ တမာပင်ကျေးရွာနေသူသည် နတ်စက်ရွာအပြင်ရှိ လယ်ကွင်းတွင်ပထွေးဖြစ်သူ စိုးနိုင်(၄၅)နှစ်၊ (ဘ)ဦးညီခင်၊ဗမာ/ဗုဒ္ဓ၊ကျဘန်းလုပ်၊ နတ်စက်ရွာနေသူနှင့် အတူနေထိုင်ပြီး နေအိမ်တဲတွင် မိခင်နှင့်ညီအစ်ကို မောင်နှမများ မရှိခိုက်
ပထွေးဖြစ်သူမှ ခြေထောက်အားနင်းခိုင်းသဖြင့် နင်းပေးနေစဉ် ရုတ်တရက်ဆွဲလှဲချကာ လက်နှစ်ဘက်အား ချုပ်ကိုင်ပြီး အော်လျှင်သတ်ပစ်မည် ဟုပြောဆို၍ သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မ၀ါဝါခင်(ခ)ကုလားမ
အား သားမယားအဖြစ်ပြုကျင့်သူ ပထွေးစိုးနိုင်အား အရေးယူပေးပါရန် (၁၂.၁.၂၀၁၄)နေ့တွင် တရားလိုပြုလုပ်တိုင်တန်းခဲ့၍ ဇောင်းတူရဲစခန်းမှ (ပ)၁/၂၀၁၄၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရအမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

No comments:

Post a Comment