Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

ကိုယ်စားလှယ် အရွေးမခံရသဖြင့် ပါတီမှနှုတ်ထွက်ပြီး ပြန်တိုက်ခိုက်မည့် သူများ ထွက်သွားလျှင် ကောင်းမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော



29-01-2014

NLD ပါတီအတွင်း ကိုယ်စားလှယ် ဖြစ်ခွင့်မရသောကြောင့် အဖွဲ့မှ နှုတ်ထွက်ပြီး အဖွဲ့ကို ပြန်ဆော်မည့်သူများ ပါတီမှ အစောဆုံး ထွက်သွားသင့်ကြောင်း နှင့် တိုင်းဒေသကြီး၊ မြို့နယ်နှင့် ကျေးရွာပါတီ ကော်မတီဝင်များ၏ ပြဿနာ အချို့တွင် ဗဟို၏ ဆုံးဖြတ်ချက်ကိုသာ ခံယူရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ၂၃-၁-၂၀၁၄ ရက်တွင် လူငယ်ကော်မတီအချို့နှင့် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း သိရသည်။

NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်၍ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူး မျှော်မှန်းထားချိန်တွင် ပါတီ၏ အခြေခံ အောက်ခြေအဖွဲ့များ၏ ပါတီတွင်း စည်းမျဉ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းများ မရှိစေလိုဘဲ ပြည်သူအားကိုးယုံကြည်သော ပါတီတစ်ခု၊ ကိုယ်စားပြုအဖွဲ့တစ်ခုအဖြစ် ဖော်ဆောင်နေသည် ဟု သိရသည်။

"အချို့မြို့နယ်တွေ မြို့နယ်ညီလာခံတွေက တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ CEC, EC တွေက မြို့နယ်အစည်းအဝေးတောင် မတက်ဘူး လို့ ကြားတယ်။ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ စည်းမျဉ်းစည်းကမ်းနဲ့မညီရင်ဗဟိုကို တိုင်လို့ရတယ်။ ကိုယ့်ဘာသာကိုယ် အမြင်ကတ်လို့ ဖြစ်ချင်တာမျိုးတော့ မလုပ်နဲ့ပေါ့။ မြို့နယ်က ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့ မရဘူး။ ဗဟိုက ဆုံးဖြတ်မယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

NLD ပါတီ၏ မြို့နယ်နှင့် အောက်ခြေအဆင့် ကော်မတီဝင်များတွင် ပါတီ၏ စည်းကမ်းများကို ချိုးဖောက်သည့် ပြဿနာများ ရှိနေကြောင်း ၂၃-၁-၂၀၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် လူငယ်ကော်မတီဝင် အချို့၏ တင်ပြချက်အရ သိရသည်။

"ပါတီတွင်းမှာ အမှား ရှိတတ်ပါတယ်။ အချို့တော့ ကိုယ်စား ၀င်ပြိုင်ဖို့ ရွေးတာ ရှုံးလို့ ငါ့ကို ကိုယ်စားလှယ်မပေးရကောင်းလား ဆိုပြီး အရွေးမခံရတော့ ပါတီဝင်ကနေ နှုတ်ထွက်တယ် ပြီးတော့ ပါတီကို ပြန်ဆော်တာမျိုးတွေ လုပ်မယ် ဆိုရင် အဲဒီလို လူမျိုးဟာ နှုတ်ထွက်သွားတာ အကောင်းဆုံးပါပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။ 

NLD ပါတီအနေဖြင့် ပါတီမှနှုတ်ထွက်သွားကြသူများက ပါတီအတွင်းရေး ဖော်ထုတ်ချက်ဟူသော စာရွက်စာတမ်းများကို လူမှုကွန်ရက် စာမျက်နှာအချို့နှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြောဆိုနေမှုများ တွေ့ကြုံခဲ့ရကြောင်း သိရသည်။ Iris

(ပြည်မြန်မာ)

No comments:

Post a Comment