Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

ဇော်ဝင်းထွဋ်၏ အသက် ၅၀ ပြည့်မွေးနေ့ အမှတ်တရဖျော်ဖြေပွဲ ကျင်းပမည်


ဘုန်းနေလ(ဒဂုံတက္ကသိုလ်)


အဆိုတော်ဇော်ဝင်းထွဋ်၏ အသက် ၅၀ ပြည့်မွေးနေ့ကို ဂီတဖျော်ဖြေပွဲ အမှတ်တရအဖြစ် ဇန်န၀ါရီ ၂၅ ရက်တွင် မင်းဓမ္မလမ်းရှိ MCC(မြန်မာကွန်ဗန်းရှင်းစင်တာ)တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ယင်း ဖျော် ဖြေပွဲသည် ပရိသတ်များဖြင့် ပျော်ရွှင်လွတ်လပ်စွာဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု Myanmar Media Management မှ Program Director ကိုစည်သူသိန်းက မဇ္ဈိမသို့ ပြောသည်။

“ကိုညီထွဋ်က သူ့ပရိသတ်တွေကို လွတ်လွတ်လပ်လပ်နဲ့ တွေ့ဆုံချင်လို့ ကျင်းပပြုလုပ်တာပါ။ ဒီဖျော်ဖြေ ပွဲကို လုပ်မှာကလည်း သူ့ရဲ့ပရိသတ်တွေကို ရှိုးပွဲသီဆိုမှုပုံစံမျိုး မဟုတ်ဘဲ အမှတ်တရအဖြစ် ဖျော်ဖြေတဲ့ အနေနဲ့ပါပဲ” ဟု ယင်းက ပြောသည်။

အဆိုတော်ဇော်ဝင်းထွဋ်၏ မွေးနေ့သည် ဇန်န၀ါရီ ၂၁ ရက်တွင် ကျရောက်သော်လည်း ယင်းနေ့တွင် ဖျော်ဖြေပွဲမကျင်းပခြင်းသည် ကြားရက်ဖြစ်သည့် အင်္ဂါနေ့ဖြစ်နေခြင်းကြောင့် ပရိသတ်များအားလုံး လာ ရောက်ကြည့်ရှုနိုင်မည့် စနေနေ့ကို ရွေးချယ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယင်းဖျော်ဖြေပွဲကို မွေးနေ့ပွဲအနေဖြင့် ကျင်းပမည်မဟုတ်ဘဲ အမှတ်တရဖျော်ဖြေပွဲ တစ်ခုအနေဖြင့်သာ ဖျော်ဖြေသွားမည် ဖြစ်သည်။ ၎င်းပွဲကို အစပထမတွင် Free Show အနေဖြင့် ဖျော်ဖြေသွားရန် စီစဉ်ခဲ့ သော်လည်း ပရိသတ်ထိန်းသိမ်းရခက်ခဲမည် ဖြစ်ခြင်းကြောင့် လက်မှတ်ခများကို ပရိသတ် အများစု လာ ရောက်ကြည့်ရှုနိုင်မည့် ကျပ် ၃၀၀၀ သာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

“အစ်ကို့အနေနဲ့တော့ မြန်မာနိုင်ငံက အခြေခံလူတစ်ယောက်ရဲ့ဝင်ငွေက ဒီလောက်ပဲ ရှိမယ်။ အားလုံး လာကြည့်နိုင်ဖို့အတွက် စဉ်းစားပြီး လုပ်ခဲ့တာပါ” ဟု အဆိုတော်ဇော်ဝင်းထွဋ်က ပြောသည်။

ယခုကျင်းပမည့်ပွဲသည် ငွေရေးကြေးရေးထက် ၀ါသနာစိတ်ဓာတ်ကို အရင်းခံလုပ်ခြင်းဖြစ်ပြီး ပရိသတ် များက လက်မှတ်ဈေး အဆမတန်ပေးပြီး လာကြည့်ကြလျှင် များစွာအားနာကြောင်း ယင်းကဆိုသည်။
ယင်းဖျော်ဖြေပွဲတွင် ရုပ်သံမီဒီယာများက ထုတ်လွှင့်ပြသလျှင်လည်း စီးပွားရေး မပါသည့် ရုပ်သံလိုင်းများ တွင် ထုတ်လွှင့်ပြသနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဖျော်ဖြေပွဲတွင် နာမည်ကြီး လူငယ် တီးဝိုင်းများလည်း ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။

အဆိုတော်ဇော်ဝင်းထွဋ်သည် “အနှိုင်းမဲ့”၊ “ဆေးပေါင်းခတဲ့ည”၊ “ထစ်ချုန်းမိုး(၂)”၊ “မဟာ တံတိုင်းကြီး”၊ “ရည်းစားဦးဇာတ်လမ်း”၊ “ကန္တာရ ခရီးသည်” စသည့်Rock သီချင်းများဖြင့် ဂီအနုပညာလောကတွင် အောင်မြင်ကျော်ကြားနေဆဲဖြစ်သည့် အဆိုတော်တစ်ဦး ဖြစ်သည်။

No comments:

Post a Comment