Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

တရုတ်ထုတ် ကားအသစ်များ အရစ်ကျစနစ်ဖြင့် ဈေးကွက်ထိုးဖောက်


မို့မို့သန္တာ|ဇန်န၀ါရီ ၂၇၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

တရုတ်နိုင်ငံထုတ် BAIC အမှတ်တံဆိပ် အသစ်စက်စက်ကားများအား ပြည်တွင်းဈေးကွက်အတွင်း ကနဦးခြေလှမ်းအဖြစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဟု အောင်ကမ္ဘာကားအရောင်းစင်တာမှ မန်နေဂျာ ဦးမောင်စိန်က မဇ္ဈိမသို့ ပြောသည်။

ပြည်တွင်းဈေးကွက်သို့ ပထမဆုံးတင်သွင်းခြင်းဖြစ်ကာ ဈေးနှုန်း ကျပ်သိန်း ၁၁၀ ၀န်းကျင်ရှိကြောင်း ဇန်န၀ါရီ ၂၆ ရက်က ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်ရှိ အောင်ကမ္ဘာ ကားအရောင်း စင်တာတွင်ပြုလုပ်သောBAIC အမှတ်တံဆိပ် ကားမိတ်ဆက်ပွဲတွင် ယင်းကဆိုသည်။

ဦးမောင်စိန်က “ပြည်တွင်းမှာ အရစ်ကျစနစ်နဲ့ ကားအသစ်တွေစီးနိုင်အောင်လို့ ရောင်းချပေးတာဖြစ် တယ်။ အဲဒီအတွက် တာဝန်ယူမှုနဲ့ ပြုပြင်မှုဆိုင်ရာ အာမခံကိုလည်း ရမှာဖြစ်ပါတယ်။ အရစ်ကျစနစ်နဲ့ ၀ယ်ရင်တော့ ကားတန်ဖိုးရဲ့ ငါးသိန်းကို အပိုဆောင်းပေးရမှာတော့ရှိပါတယ်” ဟု ပြောသည်။

ယင်းသို့ အရစ်ကျစနစ်ဖြင့်ရောင်းချရာတွင် ကားတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခတစ်ရာခိုင်နှုန်း ကို ပထမအရစ်အနေဖြင့် ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေ ၅၀ ရာခိုင်နှုန်းကိုမူ တစ်နှစ်အရစ်ကျစနစ်ဖြင့် ပေးသွင်းသွားရမည်ဖြစ်သည်။

အဆိုပါကားများကို ကီလိုမီတာ တစ်သိန်းထိ အာမခံချက်နှင့် သုံးနှစ်အတွင်း ပျက်စီးသွားသည့် ကားအပို ပစ္စည်းများအား တန်ဖိုးတစ်စုံတစ်ရာရယူခြင်းမရှိဘဲ ဆောင်ရွက်ပေးမည်ဟု ပြောသည်။

သို့ရာတွင် ပြည်တွင်းဈေးကွက်သုံးစွဲသူများသည် ဂျပန်နိုင်ငံထုတ်ကားများကိုသာ ပိုမိုနှစ်သက်ကြခြင်း ကြောင့် တရုတ်နိုင်ငံထုတ်ကားများအနေဖြင့် ဈေးကွက်ထိုးဖောက်ရန် အခက်အခဲရှိနိုင်ကြောင်း ၀ါရင့် ကားဝယ်ရောင်း ဦးကျော်နိုင်ကပြောသည်။

ဦးကျော်နိုင်က “တရုတ်၊ ကိုရီးယားတို့ထက်စာရင် ပြည်တွင်းမှာက တစ်ပတ်ရစ် (Use Car) ဖြစ်ရင် တောင် ဂျပန်ကိုပဲ ပိုကြိုက်ကြတယ်။ သိန်း ၁၀၀ ကျော်ဝန်းကျင်လောက်နဲ့ အသစ်စက်စက်ကားကို အရစ်ကျဝယ်လို့ရတာကတော့ မဆိုဘူးပေါ့လေ။ ဒါပေမဲ့ ဈေးကွက်ရမလားဆိုတာတော့ ပြောရခက် တယ်” ဟု ဆိုသည်။

လက်ရှိတွင် တရုတ်နိုင်ငံထုတ်BAIC မော်ဒယ်မြင့်ကားသစ်များအားMZ 40 အမျိုးအစား တက္ကစီယာဉ် ဖြစ်ပါက ကျပ် ၉၅ သိန်းနှင့် အိမ်စီးကားဖြစ်ပါက သိန်း ၁၁၂သိန်း၊A1 အမျိုးအစား တက္ကစီဖြစ်ပါက ကျပ် ၁၂၅ သိန်း နှင့် အိမ်စီးကားဖြစ်ပါက ကျပ် ၁၄၈ သိန်းဈေးများရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment