Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 15, 2014

ချစ်တင်းနှောခြင်းဟာ ဦးနှောက်ဆဲလ်ကြီးထွားမှုနဲ့ ရေရှည်မှတ်ဉာဏ်ကို တိုးတက်စေ

ချစ်တင်းနှောခြင်းဟာ ဦးနှောက်ဆဲလ်ကြီးထွားမှုနဲ့ ရေရှည်မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာမှုတစ်ရပ်ပြုပြီး ပြောခဲ့ပါတယ်။

သက်လတ်ပိုင်း ကြွက်တွေဟာ မိတ်လိုက်ပြီးတဲ့နောက် ဦးနှောက်ဆဲလ် အရေအတွက် သိပ်များနေတာကို လေ့လာမှုမှာ တွေ့ရှိခဲ့ကြရပါတယ်။ Hippocampus လို့ခေါ်တဲ့ ဦးနှောက်အပိုင်းထဲမှာ neuron(အာရုံကြောဆဲလ်) တွေပွားများလာတာပါ။ ဦးနှောက်ဆဲလ် အရေအတွက် များလာတဲ့အတွက် မှတ်ဉာဏ်၊ သိမြင်တတ်မှု၊ သဘောပေါက်လွယ်မှု စတာတွေပိုကောင်းလာပါတယ်။

ချစ်တင်းနှောတဲ့ လှုပ်ရှားမှုတွေကို ဖြတ်တောက်လိုက်တဲ့နောက်မှာတော့ ဦးနှောက်စွမ်းရည် တိုးတက်မှုဖြစ်စဉ်တွေဟာလည်း ဆုံးရှုံးသွားပါတယ်။

ချစ်တင်းနှောခြင်းဟာ စိတ်ဖိစီးမှုကိုလည်း တိုက်ဖျက်ပေးတယ်လို့ နောက်ထပ်လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

Trend Myanmar.

No comments:

Post a Comment