
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြအင်အားစုများ လုပ်ဆောင်လျက်ရှိသော ဘန်ကောက်ရပ်ဆိုင်းရေး ဟူသည့် လူထုဆန္ဒပြပွဲကြီးသည် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းလေးသောင်း (ဘတ်ငွေ ၁၀သန်း) ကုန်ကျလျက် ရှိသည်ဟု အတိုက်အခံ ပြည်သူ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ကော်မတီ (PDRC ) မှ ပြောရေးဆိုခွင့်ရှိသူ အခါနက်ပရောပန်းက ပြောကြားကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။
ဇန်နဝါရီလ ၁၃ ရက်မှ စတင်ကာ ဘန်ကောက်မြို့တော် ရပ်ဆိုင်းသွားရေး အတွက် ဆန္ဒပြအင်အားစုများ အဓိက အခြေချ သပိတ်စခန်း ဖွင့်ထားသော နေရာ ရှစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရာတွ
“ဆန္ဒပြပွဲကြီး ဖြစ်မြောက်ရေးအတွက် လူအင်အားပါ လိုအပ်တာ မဟုတ်ပါဘူး။ ရန်ပုံငွေလည်း လိုအပ်ပါတယ်” ဟု အခါနက်ပရောပန်းက ဆိုသည်။
လက်ရှိအနေအထားတွင် ဆန္ဒပြမှု အမြန်ဆုံး ပြီးဆုံးမည့် အခြေအနေမျိုး မရှိသည့်အပြင် ကုန်ကျစရိတ်များက ပိုမိုမြင့် တက်လာလျက်ရှိရာ ရန်ပုံငွေ လိုအပ်လာကြောင်း၊ သို့အတွက်ကြောင့် ဆန္ဒပြခေါင်းဆောင်များသည် ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများကို ရောင်းချရသည်ထိပင်ဖြစ် ခဲ့ရကြောင်း အတိုက်အခံ အင်အားစုများက ပြောကြားသည်။
PDRC မှသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ဆန္ဒပြခေါင်းဆောင် ဆူတက်တာ ဆူဘန်သည် တောင် ပိုင်းဒေသရှိ ၎င်းပိုင်ဆိုင်သော မြေကို ဆန္ဒပြပွဲတွင် အသုံးပြုရေးအတွက် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဆူတက်တာ ဆူဘန်ကိုယ်တိုင်ကလည်း ဆာမူရီဒေသရှိ ၎င်းပိုင်ဆိုင်သော အိမ်ရာကို ဒေါ်လာ ၇၆၀,၀၀၀(ဘတ်ငွေ ၂၅ သန်း) ဖြင့်ရောင်းချကာ ဆန္ဒပြမှု ပထမဆုံး ပြုလုပ်သည့်နေ့တွင် စတင်အသုံးပြုခဲ့သည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

PDRC သည် ဧရာမ စီးပွားရေးလုပ်ငန်းကြီးများ
အဆိုပါ ပြောရေးဆိုခွင့်ရှိသူ အဆိုအရ ဆူတက် အပါအဝင် ဆန္ဒပြခေါင်းဆောင် ၁၈ ဦး၏ ဘဏ်စာရင်းများကို အထူးစုံစမ်း စစ်ဆေးရေး ဌာနက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပိတ်ပင်ခဲ့ကြောင်း၊ သို့သော် ဆူတက်သည် အဆိုပါလတွင်ပင် ဆီလုံ လမ်းမကြီးပေါ်၌ တီရှပ်များ၊ ပြက္ခဒိန်များ၊ နာရူဆန် ဘုရင်၏ အကြွေစေ့များ အစရှိသည်တို့ကို ရောင်းချခြင်းဖြင့် ဘတ်ငွေ ၁၂ သန်းထိ ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment