Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 13, 2014

သောက်ရေကန်အတွင်း ခွေးကိုဆင်းကယ်သူ ရေနစ်သေဆုံး


Tuesday, January 14, 2014

ကျောက်တန်းမြို့ရှိ ကျေးရွာတစ်ခုတွင် သောက်သုံးရေကန်အတွင်း ကျနေသော ခွေးပေါက်ကလေး တစ်ကောင်ကို ဆင်းဆယ်ရာမှ အမျိုးသားတစ်ဦးရေနစ်သေဆုံးမှုတစ်ခု ဇန်န၀ါရီ ၁၂ ရက်ညနေက ဖြစ် ပွားခဲ့သည်။

ရွှေပျောက်ကျေးရွာအုပ်စု ကျိုက္ကမော့ရွာရှိ သောက်သုံးရေကန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး ကြောင်း သတင်းအရမြို့နယ်ရဲစခန်းမှူးနှင့် သက်သေများကသွားရောက်စစ်ဆေးခဲ့ကြရာမှတစ်ဆင့် သိရှိ ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ ယင်းကျေးရွာနေ ကိုခင်စိုး(၄၀)နှစ်ဖြစ်ပြီး ညနေ ၅ နာရီိအချိန်ခန့်က နေအိမ်အနောက် ဘက်ရှိ အများသုံးသောက်ရေကန်အတွင်း ရေနစ်သေဆုံးခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်းရာတွင် သေဆုံးသူသည် သောက်ရေကန်အတွင်း ကျနေသော ခွေးပေါက်စကလေးအား ဆင်းဆယ်ရာမှ ရေနစ်သေဆုံးခြင်းဖြစ်သည်ကို ကနဦးအနေဖြင့် သိရှိခဲ့သည်။
သေဆုံးသူအလောင်းတွင်လည်း ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ရေနစ်သေဆုံးသည့်လက္ခဏာများသာတွေ့ ရသဖြင့် ကျောက်တန်းဆေးရုံသို့ ပို့အပ်စစ်ဆေးလျက်ရှိသည် ဟုဆိုသည်။

ယင်းအပြင် အဆိုပါရေနစ်သေဆုံးမှုမှာ သွေးရိုးသားရိုး ဟုတ်မဟုတ် ဆက်လက်စစ်ဆေးအတည်ပြုနိုင် ရန် ကျောက်တန်းရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ရဲအုပ် အေးမင်းသိန်း က ဆက်လက်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment