Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 14, 2014

ဘာသာရေးပဋိပက္ခ အများဆုံးဖြစ်ပွားနိုင်ငံစာရင်း မြန်မာပါဝင်


Wednesday, January 15, 2014

ကမ္ဘာတလွှား ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေ ဟာ ၂၀၁၂ ခုနှစ်အတွင်း အမြင့်မားဆုံးဖြစ်ခဲ့တယ်လို့ လေ့လာချက်တစ်ရပ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ၂၀၁၂ ခုနှစ်ဟာ ကမ္ဘာမှာ ဘာသာရေးပဋိပက္ခ အဖြစ်အများဆုံးနှစ် ဖြစ်ခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စုအခြေစိုက် Pew သုတေသနဌာန က ပြောပါတယ်။ ဘာသာရေးပဋိပက္ခတွေ အဖြစ်များခဲ့တဲ့ နိုင်ငံ ၂၅ စာရင်းထဲမှာ အီဂျစ်၊ အင်ဒိုနီးရှား၊ ရုရှား၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့ ပါဝင်ကြပါတယ်။

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၉၈ နိုင်ငံရဲ့ သုံးပုံတစ်ပုံမှာ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုတွေ၊ အနိုင်ကျင့်မှုတွေ ရာနှုန်းအမြင့်ဆုံး ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနှစ်မှာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေမှာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ အများဆုံး ဖြစ်ပွားခဲ့ပြီး၊ တရုတ်ပြည်မှာလည်း ဘာသာရေး အဓိကရုဏ်းတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဘာသာရေးအကြမ်းဖက်မှုတွေအဖြစ်များတဲ့ ဒေသတွေထဲမှာ တောင်နဲ့ မြောက်အမေရိကတိုက်တွေ မပါဝင်ဘူးလို့ ဆိုပါတယ်။

ဘာသာရေးပဋိပက္ခ ဖြစ်ပွားလေ့ရှိတဲ့ နိုင်ငံ ၁၀ နိုင်ငံမှာ ၃ နိုင်ငံက အစိုးရတွေဟာ တခြားဘာသာတွေကို ဖိနှိပ်ချုပ်ချယ်ထားပြီး၊ ဘာသာကူးပြောင်းခွင့်ကို တားမြစ်ပိတ်ပင်မှု အကြီးမားဆုံးဖြစ်တယ်လို့ Pew သုတေသနဌာနက ပြောပါတယ်။ ဒါ့ပြင် စာရင်းဝင်နိုင်ငံတွေရဲ့ သုံးပုံတစ်ပုံမှာ အမျိုးသမီးတွေအပေါ် အနိုင်ကျင့် ဖိနှိပ်မှု၊ ၀တ်စားဆင်ယင်ပုံအပေါ် ဘာသာရေးအရ တားဆီးကန့်သတ်မှုတွေဟာလည်း ၂၀၁၂ ခုနှစ်အတွင်း ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အိုင်ဗရီကို့စ်၊ ဆာဘီးယား၊ အီသီယိုးပီးယား၊ ဆိုက်ပရပ်စ်နဲ့ ရိုမေးနီးယားနိုင်ငံတွေမှာတော့ ဘာသာရေး အကြမ်းဖက်မှုတွေ ကျဆင်းသွားခဲ့တယ်လို့ စာရင်းမှာဖေါ်ပြထားပါတယ်။

RFA Burmese

No comments:

Post a Comment