Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 16, 2014

ထီးချိုင့်မြို့ပေါ်တွင် တစ်ညတည်းနဲ့ (၄)ဆိုင် ဖေါက်ထွှင်းခံရ (ဟာဂျူလီ-ကသာ)



စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်တွင် ဖေါက်ထွှင်းမှုများ များပြားလာပြီး တရားခံ အား ဖမ်းဆီးရမိခြင်း မရှိသည့်အတွက် မြို့လူထုအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေရကြောင်း


မြို့ခံတစ်ဦးမှ herjule mediaသို့ ဆက်သွယ် ပြောကြားခဲ့ပါသည်၊
" ဒီ၂၀၁၃နဲ့ ၂၀၁၄ မှာ ဖေါက်ထွှင်းမှုတွေ ပိုများလာတယ်၊ ၂၀၁၃မှာ ထီးချိုင့်က ရွှေဆိုင်တစ်ဆိုင် ဖေါက်ထွှင်းခံရတယ်၊သိန်း(၁၅၀)ဖိုးပါသွားတယ်၊ဘောလုံးကွင်းရှေ့က ဖုန်းအရောင်းဆိုင်
ဖေါက်ခံရတယ်၊ တက်ဘလက်တွေ ပါသွားတယ်၊နောက်မြို့ပေါ်မှာ မကြာခဏ ဖေါက်ထွှင်းမှုတွေဖြစ်တယ်၊ တရားခံက မပေါ်ဘူး၊ ဒီတော့ ဖေါက်ထွှင်းသူတွေဟာ ပိုအတင့်ရဲလာကြတယ်၊
၈၊၁၊၁၄ရက်နေ့ကဆိုရင် တစ်ညထဲနဲ့ ဆိုင်(၄)ဆိုင်ဖေါက်ခံရတဲ့အထိ ဖြစ်လာတယ်၊ ရဲကလည်း တရားခံ မဖေါ်နိုင်တော့ မတိုင်ကြတော့ပါဘူး၊အဲဒါလေးကို လူကြီတွေ သိပြီး တရားခံပေါ်ပေါက်ရေး
အားစိုက်ပေးကြစေချင်ပါတယ်၊ကြာတော့ ဖေါက်ထွှင်းသူတွေကို ကြောက်တောင်လာပြီ၊"
ထိုသူ၏ပြောပြချက်အရ လပ်ကီးစာရေးကရိယာဆိုင်နှင့်မိုးယံထီဆိုင်တို့လည်း တစ်ညထဲ ဖေါက်ထွှင်းခံခဲ့ရကြောင်း သိရှိရပြီး လပ်ကီးစာရေးကရိယာဆိုင်အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ
ဆိုင်ရှင်ဖြစ်သူမှ " ဟုတ်ပါတယ်၊ကျွန်တော့်ဆိုင်လည်း ဖေါက်ခံရပါတယ်၊ဘောပင်တို့ ဘာတို့လောက်ပဲ ပါသွားလို့ ရဲမှာလည်း အမှုဖွင့် မနေတော့ပါဘူး" ဖြေဆိုခဲ့ပါသည်၊
ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ထီးချိုင့်ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ရဲတပ်ကြပ်တစ်ဦးမှ ဖုန်းပြန်လှယ်ဖြေကြားရာတွင် တစ်ညထဲနှင့် (၄)ဆိုင်ဖေါက်ထွှင်းခံရတာကို မိမိတို့ထံ တိုင်ကြားခြင်း
မရှိခဲ့သည့်အတွက် မသိရပါကြောင်းနှင့် ဒါတွေဟာ ကလေးတွေပဲ ဖြစ်နိုင်ပါတယ်ဟု ဖြေကြားခဲ့ပါသည်၊
ထီးချိုင့်မြိ့ခံတစ်ဦးအား မေးမြန်းကြည့်ရာ"ဟုတ်တယ်၊ ရဲစခန်းက သိ မသိတော့ မပြောတတ်ပေမယ့် တစ်ညထဲ(၄)ဆိုင် ဖေါက်ခံရတဲ့သတင်း တစ်မြို့လုံး သိနေကြပါတယ်၊ကျွန်တော်တို့ကတော့
ဖေါက်ထွှင်းတဲ့ တရားခံတွေကို အမြန် မိစေချင်ပါတယ်၊ဒါမှ အေးအေးချမ်းချမ်းနေလို့ ရမှာပါ" ဟု ပြောဆိုသွားခဲ့ပါသည်။

(ဟာဂျူလီ-ကသာ)

No comments:

Post a Comment