ပင်ဆယ်ဗေးနီးယားကမိခင်တစ်ယောက်ဟာ ရက်သတ္တပတ် ၁၉ပတ်နဲ့ မွေးဖွားခဲ့တဲ့သူ့ ရဲ့ သား ပုံတွေကိုဓာတ်ပုံရိုက်ပြီး သူ့ ဘလော့မှာတင်ခဲ့ပါတယ်။
အလက်ဆီဖရက်ဟာအသက်၃၀ ရှိပြီး သမီးလေးနှစ်ယောက်ရှိပါတယ်။
ယခု
တတိယကိုယ်ဝန်ဟာသားယောက်ျားလေးဖြစ်ပြီး ကိုယ်ဝန်၁၉ပတ်မှာသွေးနည်းနည်း ဆင်း
လာပါ တယ်။
ဆေးရုံမှာစောင့်ဆိုင်းနေရင်း
အာလ်ထရာဆောင်းရိုက်ဖို့ အတွက် ရေသုံး ခွက်သောက်လိုက်ပြီး သိပ်မကြာခင်ပဲ
ဗိုက်ကမွေးဖွားချင်လို့ နာလာပါတယ်။
သူကသူမွေးဖွားတော့မယ်ဆိုတာသိနေပါတယ်။
ဒါပေမယ့်သူနာပြုဆရာမတွေကတော့ သံသယရှိပြီး အာလ်ထရာဆောင်းရိုက်ဖို
့အတွက်ခေါ်သွားခဲ့ပါတယ်။အာလ်ထရာဆောင်း အခန်းထဲမှာ ပိုနာလာပြီး
ညှစ်အားကပိုတိုးလာပါတယ်။
နောက်ဆုံးတော့ သားငယ်ဝေါ်တာကို၉နာရီ၄၂မိနစ်မှာမွေးဖွားခဲ့ပါတယ်။
ဖရက်က
ကျမအရမ်းငိုမိပါတယ်။သားလေးကခြေလက်အင်္ဂါအကုန်စုံလင်နေပါပြီ။
သူနှလုံးခုန်နေတာကိုတောင်ကျမမြင်ရပါတယ်။ကျမသားလေးကိုသူ့ နှလုံးခုန်သံတွေကြားနေရတုန်းဖက်ထား မိပါတယ်။
သူ့ လက်ဖ၀ါးလေးတွေ၊ခြေဖ၀ါးလေးတွေကိုကိုင်ကြည့်ပြီး သူ
့ခေါင်းသေးသေးလေးကိုနမ်းလိုက်ပါတယ်။ အဲဒီအချိန်ကာလလေးကိုကျမ
အမြဲတမ်းအမှတ်ရသွားမှာပါ။
ဖရက်ရဲ့ ခင်ပွန်း
ယောရှုဝါကကားဆီကိုသွားပြီးကင်မရာပြန်ယူ ပါတယ်။ဒီကင်မရာက သူ
့သူငယ်ချင်းမင်္ဂလာပွဲအတွက်ရိုက်ပေးဖို့ ယူလာ တဲ့ကင်မရာပါ။ပထမတော့ဓာတ်ပုံမရိုက်တော့ဘူးလို့  စဉ်းစားမိပါတယ်။ ဒါပေမယ့်ရိုက်ဖြစ်ခဲ့တဲ့အတွက်သားပုံလေးတွေကိုခုလိုကြည့်ခွင့်ရခဲ့ပါ တယ်။ကျမခင်ပွန်းကိုကျေးဇူးတင်ပါတယ်။
အချိန်မတိုင်မီမွေးဖွားတယ်ဆိုတာလူတော်တော်များများအတွက်
သိပ်အရေးမကြီးလှပါဘူး။နောက်ထပ်ကလေးတစ်ယောက်ထပ်ရအောင်ကြိုးစားနိုင်တယ်လို့ 
ယူဆပြီး ဒီကိစ္စဘယ်တုန်းကမှမဖြစ်ခဲ့သယောင်ဟန်ဆောင်ကြတယ်။ ဒါပေမယ့်
မိခင်ကတော့ ၀မ်းနည်းပူဆွေးမှုတပုံကြီးနဲ့ ကျန်ခဲ့ရပါတယ်။
ဆေးရုံဝန်ထမ်းတွေကလည်း ဆေးပစ္စည်း အမှိုက်တစ်ခုလိုကလေးအသေကိုစွန်
့ပစ်လိုက်မယ်။ဒါကြောင့်မိခင်တော်တော်များများ သူတို
့ကလေးကိုကိုင်တွယ်ခွင့်ထိတွေ့ ခွင့်မရခဲ့ကြဘူး။တချို
့ဆိုယောက်ျားလေးလား၊မိန်း ကလေးလားတောင်မသိလိုက်ရပါဘူး။
တနှစ်ကိုအမေရိကန်အမျိုးသမီးတစ်သန်းလောက်အချိန်မတိုင်မီမွေးဖွားပြီးသားပျက်သားလျှောကြတယ် လို့ သိရပါတယ်။
ဒီအကြောင်းကိုဘလော့မှာရေးတင်ပြီးတဲ့နောက်
သူ့ ဆီကိုကလေးပျက်ကြတဲ့အမျိုး သမီးတွေ ဆီကစာတွေရောက်လာပါတယ်။ ဖရက်ရဲ့ စာနဲ့ သားလေးရဲ့ ဓာတ်ပုံဟာ သူတို့ စိတ်ကိုကုစားဖို့ အကူအညီပေးပါတယ်တဲ့။
သားရဲ့ ပုံတွေကို လူတွေကဝှေငှကြ၊မှတ်ချက်တွေပေးကြတာ
ဖတ်ကြည့်ပြီး ကျမအံ့သြမိပါတယ်။သားလေးဟာသူ့ ရဲ့ မိနစ်ပိုင်းလောက်ဘ၀တိုတိုလေး
နေခဲ့ပေမယ့်
ကျမစိတ်မကူးမိနိုင်လောင်အောင်ကို ဘ၀များစွာနဲ့ ထိတွေ့ ခဲ့ပါတယ်။
the melting pot 4 U
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 19, 2014
ပင်ဆယ်ဗေးနီးယားက သားပျက်မိခင်တဦးရဲ့ သောက
Reviewed by VC
on
January 19, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment