Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

ရွှေဥမင်ဘုရား စေတီပုထိုး၏ ဘုရားဆင်းတု မျက်နှာတော်တွင် ထူးခြားစွာ ပျားများလာရောက်စွဲ



Tuesday, January 28, 2014 

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ ပင်းတယမြို့ ၊ ရွှေဥမင် ဘုရားပရဝုဏ် ရှေးဟောင်း စေတီပုထိုး တစ်ဆူ၏ အရှေ့ဘက်မုခ် အတွင်း ကိုးကွယ် ထားသော ဗုဒ္ဓရုပ်ပွားတော် ၏မျက်နှာ တော်တွင် သဘာဝ ပျားများ လာရောက် စွဲအုံလျှက် ရှိကြောင်း သိရသည် ။ အဆိုပါ သဘာဝပျား များသည် ပျားလေး (ခေါ်) တောပျားကြီး များဖြစ်ကြပြီး သစ်ပင် ၊ သစ်ကိုင်း များတွင်သာ စွဲအုံလေ့ ရှိပြီး ပန်းများ ပွင့်သည့် ဆောင်းရာသီ များတွင် ပိုမို များပြားစွာ တွေ့ရှိရသည်။

ယခုကဲ့သို့ ဗုဒ္ဓဆင်းတု ရုပ်ပွားတော် မျက်နှာတွင် ထူးခြားစွာ လာရောက် စွဲအုံခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ် တစ်ခုဖြစ်ပြီး ထူးဆန်းအံဖွယ် ကောင်းကြောင်း ပျားအုံ တွေ့ရှိသူ ဒေသခံ တိုင်းရင်းသား တစ်ဦးထံမှ သိရသည် ။

ပင်းတယ မြို့နယ်သည် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများ ၊ရှေးကျပြီး ထူးဆန်းသည့် နေရာ ဒေသများ ၊ ယဉ်ကျေးမှု အမွေအနှစ်များ ၊ ရှေးဘုရင် အဆက်ဆက်က တည်ထား ကိုးကွယ် ခဲ့သည့် သမိုင်းဝင် စေတီများ အပြင် ရှေးနန်းတွင်း စကား အသုံးအနှုန်း အချို့ ထင်ဟပ် ကျန်ရစ် နေသည့် အရပ်ဒေသ တစ်ခုဖြစ်ပြီး ယခုကဲ့သို့ ထူးဆန်းသော ကိစ္စရပ် များလည်း မကြာခဏ ဖြစ်ပေါ် တတ်ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

Themyawadydaily

No comments:

Post a Comment