Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 9, 2014

ထောင်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားက အရမ်းအေးတဲ့ ရာသီဥတုဒဏ်ကို မခံနိုင်လို့  ထောင်ထဲ ပြန်လာခဲ့

မကြာသေးမီက အမေရိကအရှေ့ မြောက်ပိုင်းမှာ ဆောင်းမုန်တိုင်းကျရောက်ခဲ့ပြီး အရမ်းချမ်းအေးတဲ့ရာသီဥတုနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒီအေးစက်လှတဲ့ ရာသီဥတုဟာ ထွက်ပြေးလွတ်မြောက်လာတဲ့အကျဉ်းသား တစ်ယောက်ကိုတောင် ထောင်ထဲ ပြန်နေဖို့ စိတ်ကူးပြောင်းစေခဲ့ပါတယ်။
ရော်ဘတ်ဗစ် ဆိုတဲ့ အသက် ၄၂ နှစ်အရွယ်အကျဉ်းသားဟာ လုံခြုံရေးတင်းကျပ်မှု နိမ့်ကျတဲ့ ကွန်တပ်ကီပြည်နယ်၊ လက်ဇင်တန်မြို့ က ထောင်ကို တနင်္ဂနွေနေ့ က ဖောက်ပြေးနိုင်ခဲ့ပါတယ်။ ရော်ဘတ်ဟာ ၂၄ နာရီအကြာထွက်ပြေးလွတ်မြောက်နေခဲ့ပြီး ချမ်းအေးတဲ့ရာသီဥတုဒဏ်ကို မခံနိုင်တဲ့အဆုံးမှာ မိုတယ်တစ်ခု ကို တုန်တုန်ရီရီနဲ့ လျှောက်ဝင်လာပြီး အာဏာပိုင်တွေကို ခေါ်ပေးဖို့ တောင်းဆိုလိုက်ရပါတော့တယ်။
ရော်ဘတ်ဗစ်ကို အာဏာပိုင်တွေက နွေးထွေးအောင်ပြုစုခဲ့ရပြီးမှ အချုပ်ထောင်ထဲ ပြန်ခေါ်သွားခဲ့ရတာပါ။ ဟာကျူလီလို့ အမည်ပေးထားတဲ့ ဒီဆောင်းမုန်တိုင်းဟာ တိုင်းပြည်ရဲ့ မြောက်ပိုင်းကို ရိုက်ခတ်ခဲ့ပြီး သမိုင်းတစ်လျှောက် အနိမ့်ဆုံးအအေးမှတ်ကို ကျဆင်းစေခဲ့ပါတယ်။ တစ်ချို့ နေရာတွေမှာ ကြောက်မက်ဖွယ် အအေးမှတ်အဖြစ် အနုတ် ၃၃ အထိရှိနေပြီး ၊ မြောက်ပိုင်းပြည်သူတွေက ငရဲတောင် အေးခဲသွားပြီလို့  ပြောဆိုနေကြရပါတယ်။
Ref: dailymail
www.trend.com.mm

No comments:

Post a Comment