Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 10, 2014

သုတေသနတစ်ခုအရ ရန်ကုန်တိုင်းရှိ နေအိမ်အချို့ သောက်သုံးရေတွင် ပိုးပါဝင်မှုများလွန်း

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် အမျိုးသမီးတစ်ဦး ရေတုံကင်အသုံးပြု၍ အဝီစိရေ ရယူနေစဉ် ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ 
 ရန်ကုန်တိုင်းအတွင်း နေအိမ်အချို့ရှိ သောက်သုံးရေနမူနာ ၁၃၀ ကျော်အား စမ်းသပ်မှုပြုလုပ်ရာ ခန့်မှန်း၍မရနိုင်အောင် များပြားလွန်းသော ဘက်တီးရီးယားပိုးများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

ဆေးသုတေသနပညာရှင်များက ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှစ်ခု၌ လက်ရှိသောက်သုံးနေသော သောက်ရေအိုးများအတွင်းမှ ရေနမူနာများအား ၂၀၁၂၊ ၂၀၁၃ ခုနှစ်များတွင် ရယူလေ့လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြောက်ဒဂုံမြို့ နယ်အတွင်းတွင်ပင် သောက်သုံးရေ သိုလှောင်မှုနှင့် ပတ်သက်သည့် သုတေသနတစ်ခု ပြုလုပ်ခဲ့ရာ လူအများစုမှာ စည်ပင်မှရရှိသော ရေကိုသာ သောက်သုံးရေအဖြစ် အဓိကအသုံးပြုကြပြီး လူဦးရေ သုံးပုံနှစ်ပုံသာ ရေသန့်စင်ရန်အတွက် သီးသန့် အ၀တ်ရေစစ် အသုံးပြုကြပြီး ကျန်သူများမှာ သောက်ဆုံးရေသန့်စင်ရန် မည်သည့်နည်းလမ်းမှ အသုံးမပြုကြကြောင်း ဖော်ပြထားသည်။

ရေမသန့်ရှင်းခြင်းကြောင့် အဓိက ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ပြီး ထိုနေရာတွင် ငါးနှစ်အောက် ကလေးများ တစ်လအတွင်း ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု အိမ်ခြေ ကိုးရာခိုင်နှုန်းတွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုသုတေသနတွင် ပါဝင်သော  အိမ်ထောင်စုများအား သောက်သုံးရေသုံးစွဲသည့်ပုံစံ၊ သောက်သုံးရေအား  သန့်ရှင်းအောင်ဆောင်ရွက်သည့်ပုံစံ၊ သောက်ရေ သိုလှောင်သည့်ပုံစံ၊ အမှိုက်စွန့်ပစ်သည့်ပုံစံ၊ မသန့်ရှင်းသော အိမ်သာများ သုံးစွဲနေမှုများသည် သောက်သုံးရေတွင် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်စေမည့် ဘက်တီးရီးယားပိုးများ ပါဝင်မှုနှင့် ဆက်စပ်နေသည့်အတွက် ထိုအချက်များကို ပိုမိုအသေးစိတ်ဆန်းစစ်ရန် လိုအပ်နေကြောင်း အဆိုပါသုတေသနလေ့လာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ရောဂါဖြစ်ပွားခြေရှိသည့် လူထုအတွင်းတွင် သန့်ရှင်းသော သောက်သုံးရေရရှိစေရန်နှင့် စနစ်တကျ သောက်သုံးရေ သိုလှောင်သည့် နည်းလမ်းများကို ကျင့်သုံးနိုင်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်ရန် ထိုသုတေသနရလဒ်မှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်  ငါးနှစ်အောက်ကလေးသေဆုံးမှု အဓိကအကြောင်းရင်းများတွင် ၀မ်းပျက်ဝမ်းလျှောခြင်းကြောင့် သေဆုံးမှုလည်း ပါဝင်နေကြောင်း ကျန်းမာရေး ဦးစီးဌာနမှ  သိရသည်။

7day Daily

No comments:

Post a Comment