Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 11, 2014

တောင်ရှည်ပြင်ကျေးရွာတွင် တုပ်ကွေးဟု ယူဆရသော ရောဂါတစ်မျိုးကြောင့် (၆)ရက်အတွင်း ၀က်ကောင်ရေ ရာချီ သေဆုံးနေ


(၁၁-၁-၂၀၁၄ ၊ လေးမြို့ အရေးပေါ်သတင်း)

မင်းပြားမြို့ နယ်၊ ရန်တိုင်ကျွေးရွာအုပ်စု ၊ တောင်ရှည်ပြင်ကျေးရွာတွင် တုပ်ကွေးဟု ယူဆရသော ရောဂါတစ်မျိုးကြောင့် ၀က်ကောင်ရေ ရာချီသေဆုံးနေခဲ့ရကြောင်း သိရသည်။

အဆိုပါရောဂါသည်တောင်ရှည်ပြင်ကျေးရွာ
တွင် လွန်ခဲ့သော (၅-၁-၂၀၁၄)နေ့ မှစ၍ မွေးမြူထားသော ၀က်များတွင် စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ရှည်ပြင်ကျေးရွာတွင် မွေးမြူထားသော စုစုပေါင်းဝက်ကောင်ရေ(၁၀၀၀)ကျော်ရှိသည့်အနက် (၁၁-၁-၂၀၁၄)နေ့ အထိ ၀က်(ကြီး)၄၀ ကောင် နှင့် ၀က်ငယ် (၆၀)ကောင် တို့ မှာ အဆိုပါရောဂါကြောင့် (၆)ရက်အတွင်း သေဆုံးခဲ့ရကြောင်း သိရပြီး ကျန်ရှိနေသော
ဝက်အများစုမှာလည်းရောဂါကူးစက်လျှက်ရှိ
ကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားနေမှုကိုသက်ဆိုင်ရာကျွေးရွာ
အုပ်ချုပ်ရေးမှုးနှင့် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနသို့တိုင်ကြားအသိပေးခြင်းမရှိသေးဘဲ ကိုယ့်အားကိုယ့်ကိုးစနစ်ဖြင့် ဆေးဝယ်၍ ကုသနေကြောင်း သိရသည်။
သုံးစွဲကုသနေသော ဆေးအမျိုးအစားများမှာ PENICILLIN အုပ်စု OXITETRA အမျိုးအစားဖြစ်ကြောင်းသိရသည်။

သို့ သော်လည်း ထိရောက်မှုမရှိပါသဖြင့် သက်ဆိုင်ရာ ၊အာဏာပိုင်များ ၊ တိရစ္ဆာန်မွေးမြူးရေးနှင့် ကုသရေးဌာန ၊ အခြား NGO အဖွဲ့ အစည်းများအနေဖြင့် အမြန်ဆုံးကူညီဖြေရှင်းပေးရန် လူထုကိုယ်စား တောင်းဆိုတင်ပြအပ်ပါသည်။

ဝက်မွေးမြူရေးလုပ်ငန်းသည် တောင်ရှည်ပြင်ကျွေးရွာရှိရွာသူ၊ရွာသားများ
အတွက်အရေးပါသောစီးပွါးရေးလုပ်ငန်းတစ်ခ
ုဖြစ်ပြီး တောင်ရှည်ပြင်ကျွေးရွာမှ စစ်တွေသို့ ဝက်သားများတိုက်ရိုက်ရောင်းချလျှက်ရှိ
ကြောင်း သိရသည်။အဆိုပါရောဂါကြောင့် တောင်ရှည်ပြင် တစ်ရွာလုံးနှင့် တောင်ရှည်ပြင် အနီးအနားရှိ ကျွေးရွာများကပင် စိုးရိမ်ထိတ်လန့် လျှက်ရှိကြောင်း သိရသည်။

ပေးပို့ သူ - ကိုသိန်း
ရေးသားသူ - မင်းမြတ်ခိုင်
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ

No comments:

Post a Comment